Latest News

Wednesday, January 18, 2017

မန္တလေးသင်္ကြန် မြန်မာဆန်အောင် ပြောင်းမည်

မန္တလေးသင်္ကြန် မြန်မာဆန်အောင် ပြောင်းမည်

မန္တလေး၊ ဇန်နဝါရီ ၁၈

မန္တလေးသင်္ကြန်ကို မြန်မာမှု သင်္ကြန်ဖြစ်အောင် ပြောင်းလဲသွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီဝင် စာရေးဆရာ ကျော်ရင်မြင့်က ပြောကြားသည်။

“ရေဖြုန်း၊ ငွေဖြုန်းတဲ့သင်္ကြန်မျိုး မဟုတ်ဘဲနဲ့ မြန်မာဆန်တဲ့ ယဉ်ကျေးမှု သင်္ကြန်ဖြစ်အောင် ဦးတည် ပြောင်းလဲမယ်”ဟု ၎င်းက ပြောဆိုသည်။

စည်ပင်သာယာရေး ကော်မတီက  ပြုလုပ်သည့် မြို့တော်မဟာ သင်္ကြန်မဏ္ဍပ်နှင့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်က ပြုလုပ်သည့် နန်းမြို့သူ မဏ္ဍပ်တို့ကိုသာ ၂၆ လမ်းမ (ကျုံးတောင်ဘက်) ပေါ်တွင် ဖွင့်လှစ်မည် ဖြစ်ပြီး ကျုံးပတ်လည်တွင် မဏ္ဍပ်အရေအတွက် လေးခုခန့်သာ ထားရှိတော့မည်ဖြစ်ကြောင်း ဦးကျော်ရင်မြင့်က ဆက်လက် ပြောကြားသည်။

“မြို့တော်ဝန် ပြောတာက စီးပွားရေး ကြော်ငြာတွေကို အသားမပေးဘူးဆိုတဲ့ပုံစံပါ။ ကျွန်တော်တို့ဘက်က အဆင်သင့်ပဲ။ ကျွန်တော်တို့က လိုက်ပြောင်းစရာ မလိုဘူး။ ကျွန်တော်တို့ဘက်ကို ပြောင်းလာတယ်လို့ ထင်တယ်။ သင်္ကြန်ဆိုတာ သင်္ကြန်အကနဲ့ ယိမ်းနဲ့ပဲဖြစ်ရမှာ”ဟု မန္တလေးဂုဏ်ဆောင် မြို့မ အပျော်တမ်း တူရိယာအသင်း ဥက္ကဋ္ဌ ဒေါက်တာလှခိုင်က ပြောဆိုသည်။

မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ကို ကလေးငယ်များ အသုံးပြု၍ ဖွင့်လှစ်ခြင်း မပြုတော့ဘဲ ဧည့်ခံဖျော်ဖြေရာတွင်လည်း ယခင်နှစ်များကဲ့သို့ အဆိုတော်များ ငှားရမ်းတော့မည် မဟုတ်ကြောင်း၊ မန်းစည်ပင်တီးဝိုင်းနှင့် ဒေသခံဆိုင်း ပညာရှင်များဖြင့်သာ ဖျော်ဖြေမည်ဖြစ်ကြောင်း ဦးကျော်ရင်မြင့်က ထပ်လောင်း ပြောကြားသည်။

Sources: The Voice

No comments:

Post a Comment