Latest News

Thursday, January 12, 2017

ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦး အား ပြည်နှင်ဒဏ်ပေး

ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦး အား ပြည်နှင်ဒဏ်ပေး

မြန်မာ့ရေပိုင်နက်ထဲ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို ပြစ်ဒဏ်ကျခံနေရာမှ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြည်နှင်ဒဏ်ပေးဖို့ နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်က ဘင်္ဂလားပင်လယ်အော် မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းစက်လှေနဲ့ ၀င်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်မြို့နယ် အုန်းကျွန်းကျေး ရွာနေ ရော်ရှီး အူလ္လာအပါအ၀င် ၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ဘူးသီးတောင် အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံစေခဲ့တာပါ။

ဇန်နဝါရီ ၁၁ ရက်မနက်မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြည်နှင်ဒဏ်ပေးပြီး ကတိဝန်ခံ လက်မှတ်များရေးထိုးစေခဲ့ကာ ဘူးသီးတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးပြည်သူ့ အင်အားဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ပါတယ်။

SOURCES; DVB

No comments:

Post a Comment