Latest News

Tuesday, January 10, 2017

ညစာအတွက် ကြက်သားမစားသင့်တဲ့ အကြောင်းအရင်း

ညစာအတွက် ကြက်သားမစားသင့်တဲ့ အကြောင်းအရင်း

ညအိပ်ရာမဝင်ခင် ကော်ဖီခွက်ကြီးကြီး တစ်ခွက်မသောက်သင့်ဘူးဆိုတာတော့ ရှင်းပါတယ်။ ဒါပေမယ့် တချို့စားနေကျညစာတွေမှာ အိပ်စက်မှုအချိန်စက်ဝန်းကို ပြောင်းပြန်အကျိုးသက်ရောက်မှုရှိတာရော သိပြီးပြီလား။

တစ်ညလုံး အိပ်ရာပေါ် လူးလှိမ့်မနေချင်ပါဘူးဆိုရင် ညမအိပ်ခင် ကြက်သားမစားဖို့ တတ်သိကျွမ်းကျင်ပညာရှင်တွေ အကြံပြုထားပါတယ်။ ဘာကြောင့်လဲ။ ကြက်သား သို့မဟုတ် ဘယ်ပရိုတိန်းဓာတ်မျိုးမဆို အိပ်ရာမဝင်ခင် သုံးဆောင်ဖို့ အားမပေးပါဘူး။ အကြောင်းက အိပ်စက်ဖို့ အဓိက အာရုံစိုက်နေသင့်တဲ့အချိန်မှာ ခန္ဓာကိုယ်ကို အစာခြေဖျက်မှု အတင်းဆောင်ရွက်စေလို့ပဲ ဖြစ်ပါတယ်။

အိပ်နေစဉ်မှာ အစာခြေဖျက်မှု ၅၀% ခန့် နှေးကွေးတယ်လို့ ဆိုပါတယ်။ ပရိုတိန်းမြောက်များစွာ စားပါက အစာခြေဖျက်မှု ပိုလို့တောင် နှေးကွေးမယ်လို့ ဒေါက်တာ Rosenberg က ရှင်းပြထားပါတယ်။

ဒါပေမယ့် ကြက်သားကို ကစီဓာတ်များတဲ့ အစားအစာတွေကို တွဲဖက်ပေးပါက ခန္ဓာကိုယ်ကို အိပ်စက်အနားယူမှုရအောင် ဟန်ချက်ပြန်ထိန်းပေးတယ်ဆိုတာကတော့ သိထားသင့်တဲ့ အချက်ပါပဲ။ ညမအိပ်ခင် စားဖို့ အသင့်တော်ဆုံးက ချယ်ရီသုံးဖြစ်ပြီး အဆိုးဆုံးကတော့ စပျစ်ဝိုင် ဖြစ်ပါတယ်။

Sources; Shefinds : Trend Myanmar

No comments:

Post a Comment