Latest News

Tuesday, January 10, 2017

ဖီဖာကမ္ဘာ့ဖလားကို အသင်းပေါင်း ၄၈ သင်းဖြင့် ကျင်းပတော့မည်ဟု အတည်ပြု

ဖီဖာကမ္ဘာ့ဖလားကို အသင်းပေါင်း ၄၈ သင်းဖြင့် ကျင်းပတော့မည်ဟု အတည်ပြု

ကမ္ဘာ့ဖလားကို ကြည့်ရှုရတဲ့ပုံစံဟာ လုံးလုံးပြောင်းလဲသွားတော့မှာပါ။
     
လေးနှစ်တစ်ကြိမ်ကျင်းပလျှက်ရှိတဲ့ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ၃၂ သင်းပါဝင်ယှဉ်ပြိုင်နေရာကနေ ၄၈ သင်းအထိတိုးချဲ့သွားဖို့ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ယမန်နေ့က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ခ်ျမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေ ကျင်းပနေတဲ့ပုံစံလို မဟုတ်တော့ဘဲ သုံးသင်းတစ်အုပ်စီစီ ပါဝင်တဲ့ အဆင့်တစ်ဆင့်ကို ပါဝင်လာမှာ ဖြစ်ပါတယ်။ တစ်အုပ်စုကို အသင်းနှစ်သင်းစီ နောက်တဆင့် တက်ရောက်နိုင်မှာဖြစ်ပါတယ်။ သုံးသင်းပါဝင်တဲ့ အုပ်စုပြိုင်ပွဲတွေပြီးရင် ကျန်ရှုံးထွက်  ပြိုင်ပွဲကို ဆက်လက်ကျင်းပမှာဖြစ်ကာ ၁၆ သင်းရှုံးထွက်အဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်တွေကို ရောက်ရှိမှာဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ပထမအဆင့်ကနေ ဗိုလ်လုပွဲအထိ စုစုပေါင်းပွဲစဉ် ၆၄ ပွဲရှိပေမယ့် ဒီအတိုင်းဆိုရင်ပွဲစဉ်တွေ ထပ်တိုးလာတော့မှာ ဖြစ်ပါတယ်။ အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၆ ခုနှစ်မှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။ လက်ရှိ ဖီဖာဥက္ကဌ အင်ဖန်တီနိုဟာ ရွေးကောက်ပွဲမှာတုန်းက ကမ္ဘာ့ဖလား ပြိုင်ပွဲကို အသင်းတွေပိုများများ ပါဝင်ခွင့်ရအောင် တိုးချဲ့ဖို့ ကြိုးပမ်းပေးသွားမယ်လို့ ကတိပြုခဲ့တာဖြစ်ပြီး အခု အဒီကတိအတိုင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ဂျာမနီအသင်းက ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ထားပြီး လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားကိုတော့ ရုရှားနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Source : ESPN : DUWUN

No comments:

Post a Comment