Latest News

Sunday, January 8, 2017

ကျုံပျော်မြို့နယ် ၂၀၁၆-၂၀၁၇ ခုနှစ် ပညာရေး စုံညီပွဲတော် အခမ်းအနား ကျင်းပ

ကျုံပျော်မြို့နယ် ၂၀၁၆-၂၀၁၇ ခုနှစ် ပညာရေး စုံညီပွဲတော် အခမ်းအနား ကျင်းပ


ကျုံပျော်မြို့ ဇန်န၀ါရီ ၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်၂၀၁၆- ၂၀၁၇ ပညာရေး စုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေး ဒုဦးစီး ဒေါ်သီတာဦး က အဖွင့် အမှာစကားပြောကြားပြီး၊လက်ထောက် မြို့နယ် ပညာရေးမှုး ဦးတင်အောင် က အမှာစကား ပြောကြားခဲ့ ပါသည်။ထိုနောက်ဆုပေး ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပ၍ ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်၂၀၁၆- ၂၀၁၇ 
စာပေ ထူးချွန်ဆု၂၇၆ ဆု အားကစား ထူးချွန်ဆု ၁၄၆ ဆု ဆရာ/ဆရာမ-ထူးချွန်ဆု ၉ ဆု ရရှိသူများအား ဒုဦးစီးမှုး ဒေါ်သီတာဦးလက်ထောက် မြို့နယ်ပညာရေးမှုး ဦးတင်အောင် နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်း အကျိုးတော်ဆောင် ကော်မတီဝင်များ တို့က ဆုများ အသီးသီးပေးအပ် ချီးမြှင့် ခဲ့ကြသည်။

No comments:

Post a Comment