Latest News

Friday, January 13, 2017

မြန်မာနိုင်ငံက လူငယ် ၆၀ ရာခိုင်နှုန်းကျော် အရက်သောက်သုံးနေ

မြန်မာနိုင်ငံက လူငယ် ၆၀ ရာခိုင်နှုန်းကျော် အရက်သောက်သုံးနေ


မြန်မာနိုင်ငံက လူငယ် ၆၂ ရာခိုင်နှုန်းကျော်က အရက်သောက်သုံးနေတာကို တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံ ဆေးသုတေသနအဖွဲ့ (၄၅) နှစ်မြောက်နှစ်ပတ်လည်ညီလာခံမှာ တင်သွင်းခဲ့တဲ့ စာတမ်းတစ်ခုအရ သိရပါတယ်။

မြန်မာနိုင်ငံက လူငယ်ထုအတွင်းမှာ အရက်သောက်သုံးမှုနှုန်းအလွန်မြင့်မားနေပြီး အသက် ၁၁ နှစ်ကနေ စတင်သောက်သုံး နေတယ်လို့ သုတေသနစာတမ်းရှင် ဒေါက်တာအောင်ပြည့်ဖြိုးက ပြောပါတယ်။

အရက်သောက်သုံးသူလူ ၇၀ မှာ ၇၅ ရာခိုင်နှုန်းက အရက်စွဲနေတဲ့ လူငယ်တွေဖြစ်နေတာကြောင့် ဆယ်ကျော်သက်အရွယ်တွေကို အရက်ရောင်းချတာနဲ့ အရက်အလွယ်တကူရရှိနေတာတွေကို ဥပဒေအရ အရေးယူနိုင်အောင်စီမံဆောင်ရွက်သင့်တယ်လို့ ဒေါက်တာပြည့်ဖြိုးအောင်က ပြောပါတယ်။

"လူငယ်တွေရဲ့ ၉၀ ရာခိုင်နှုန်းကသောက်တယ်။ ၆၂ ရာခိုင်နှုန်းကျော်က ပုံမှန်သောက်ဖြစ်နေတဲ့ အနေအထားပေါ့" လို့ စာတမ်းရှင် ဒေါက်တာအောင်ပြည့်ဖြိုးက ပြောပါတယ်။

အရက်သောက်သုံးနေတဲ့ လူငယ် ၂၀ ရာနှုန်းက မူလတန်းအဆင့်ရှိပြီး အလယ်တန်းအဆင့်က ၂၉.၇ ရာနှုန်း၊ အထက်တန်းအဆင့်တွေက ၃၈.၈ ရာခိုင်နှုန်းနဲ့ တက္ကသိုလ်အဆင့်က ၉.၂ ရှိနေတယ်လို့ သုတေသနစစ်တမ်းအရ သိရပါတယ်။

Source; DVB:SearchMyanmar

No comments:

Post a Comment