Latest News

Wednesday, January 4, 2017

ငါးဆယ်ကျော်မှ ကံပေါ်တဲ့ ကိုပေါ်(မင်းကိုနိုင်)ရဲ့ မင်္ဂလာဦးဆွမ်းကြွေးအလှူ

ငါးဆယ်ကျော်မှ ကံပေါ်တဲ့ ကိုပေါ်(မင်းကိုနိုင်)ရဲ့ မင်္ဂလာဦးဆွမ်းကြွေးအလှူ


မင်္ဂလာဧည့်ခံပွဲမလုပ်ဘဲ ဆွမ်းကြွေးအလှူပဲ လုပ်ခဲ့တာပါ။
     
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ဒေါက်တာသီရိလွင်တို့ရဲ့ မင်္ဂလာဆွမ်းကျွေးကို ဒီနေ့ (ဇန်နဝါရီလ ၅ရက်)မနက်ပိုင်းက ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီမင်္ဂလာဆွမ်းကြွေးအလှူမှာ ရွှေညဝါဆရာတော်၊ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၊ မင်္ဂလာကျောင်းတိုက်ဆရာတော်၊ ရှစ်လေးလုံးဆရာတော် (တောင်ကြီး)နဲ့  ဓမ္မပီယကျောင်းတိုက်ဆရာတော်တို့ကို ကိုမင်းကိုနိုင်တို့ဇနီးမောင်နှံက မင်္ဂလာဦးဆွမ်းကပ်လှူဒါန်းခဲ့ကြပါတယ်။

ဒါ့အပြင် သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာရှိတဲ့ ရတနာပုံရိပ်ငြိမ် ဘုန်းတော်ကြီးပညာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ တောင်တန်းဒေသ နွမ်းပါးကလေးငယ်တွေ ကိုလည်း နေ့လည်စာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ဒေါက်တာသီရိလွင်တို့က ၂၀၁၇ ဇန်န၀ါရီ ၁ ရက်က နှစ်ဖက်မိဘတွေ ရှေ့မှောက်မှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ပြီး မင်္ဂလာဧည့်ခံပွဲမလုပ်ဘဲ မင်္ဂလာဦးဆွမ်းကြွေးအလှူပဲ ပြုလုပ်ခဲ့တာပါ။

Source & Photos : 7DayDaily: Duwun

No comments:

Post a Comment