Latest News

Wednesday, January 18, 2017

ထိုင်း စီးပွားရေးကိုယ်စားလှယ်အဖွဲ့ လာရောက်မည်

ထိုင်း စီးပွားရေးကိုယ်စားလှယ်အဖွဲ့ လာရောက်မည်

( ဓါတ်ပုံ - ထိုင်း ဒုတိယဝန်ကြီးချုပ် Somkid Jatusripitak ကို တွေ့ရစဉ် )

ထိုင်း ဒုတိယဝန်ကြီးချုပ် Somkid Jatusripitak ဦးဆောင်တဲ့ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။

အယောက် ၄၀ ပါဝင်မယ့် ထိုင်း စီးပွားရေးကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာကုန်သည်ကြီးများအသင်းနဲ့ ဆွေးနွေးမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဆင့်ခွန်-မြိတ်၊ ဖူနန်ရွန်- ထားဝယ် လမ်းပိုင်းတွေ ကောင်းမွန်ရေးအပါအဝင် နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်တွေအပြင် မဲဆောက်နဲ့ မြဝတီ အထူးစီးပွားရေးဇုန် ပူးတွဲအကောင်အထည်ဖော်ရေးကိစ္စကိုလည်း ဆွေးနွေးမယ်လို့ ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဌက ပြောပါတယ်။

Sources: RFA

No comments:

Post a Comment