Latest News

Wednesday, January 18, 2017

ယနေ့ မှ စ လုပ်ပါ

ယနေ့ မှ စ လုပ်ပါ

(၁)ယနေ့မှစ၍ မိမိအပေါ်ကောင်းသူများကို ပြန်ကောင်းပါ။

(၂)ယနေ့မှစ၍ ရှေ့တွင် တွေ့ကြုံရမည့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းပါ။

(၃)ယနေ့မှစ၍ ဘယ်ကိစ္စမဆို ကိုယ့်ကိုယ်ကို မလိမ်ပါနဲ့။

(၄)ယနေ့မှစ၍ ကိုယ်ပျော်ရွှင်မှုကိုသာ ရှေ့တန်းတင်စဉ်စားပါ။

(၅)ယနေ့မှစ၍ ကိုယ့်ရပ်တည်နေမှု အပေါ်ကိုယ်ဂုဏ်ယူပါ။

(၆)ယနေ့မှစ၍ ပစ္စုပ္ပန်ကျကျ နေထိုင်အလုပ်လုပ်ပါ။

(၇)ယနေ့မှစ၍ အမှားတိုင်းမှ သင်ခန်းစာ ယူပါ။

(၈)ယနေ့မှစ၍ ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ်ဘာသာဖန်တီးယူပါ။

(၉)ယနေ့မှစ၍ လူအားလုံးကို သိမ်မွေ့စွာဆက်ဆံပါ။

(၁၀)ယနေ့မှစ၍ မိမိပိုင်ထားပြီးသော ပစ္စည်းများကို တန်ဖိုးထားပါ။

(၁၁)ယနေ့မှစ၍ အကြံဥာဏ်တို့ကို မျှဝေပြီး အခွင့်အလမ်းတို့ကို ရှာဖွေပါ။

(၁၂)ယနေ့မှစ၍ မိမိသည်ရှေ့သို့ တက်လှမ်းနိုင်သည်ဟု ယုံကြည်ပါ။

(၁၃)ယနေ့မှစ၍ အကျိုးရှိမည့် လူများနဲ့မိတ်ဖွဲ့ ပေါင်းသင်းပါ။

(၁၄)ယနေ့မှစ၍ တွေ့ကြုံလာမည့် လူသစ်တိုင်းကို အခွင့်အရေး(၂)ကြိမ်ပေးပါ။

(၁၅)ယနေ့မှစ၍ မနေ့ကမိမိနှင့် ယှဉ်ပြိုင်ပါ။

(၁၆)ယနေ့မှစ၍ သူတစ်ပါးအောင်နိုင်မှုအတွက် ချီးမွမ်းပါ။

(၁၇)ယနေ့မှစ၍ အခက်အခဲကြုံလာတိုင်း ရလဒ်ကို မျှော်ကြည့်ပြီး အားမွေးပါ။

(၁၈)ယနေ့မှစ၍ သူတစ်ပါးနှင့် မိမိကိုယ်ကို ခွင့်လွှတ်ပါ။

(၁၉)ယနေ့မှစ၍ မိမိအနီးဝန်ကျင်မှ လူများကို ကူညီပါ။

(၂၀)ယနေ့မှစ၍ မိမိအတွင်းက အသံတို့ကို နားထောင်ပါ။

(၂၁)ယနေ့မှစ၍ မိမိစိတ်ဖိစီးမှု အမှတ်ကိုမိမိသိ၍ ထိုရောက်လျှင် အနားပေးတတ်ပါ။

(၂၂)ယနေ့မှစ၍ အသေးအမွှား ကိစ္စလေးများအတွင်းက အလှအပတို့ကို ရှာဖွေပါ။

(၂၃)ယနေ့မှစ၍ ပြီးပြည့်စုံမှု မရှိသောချို့ယွင်းချက်တို့ကို လက်ခံတတ်ပါ။

(၂၄)ယနေ့မှစ၍ မိမိပန်းတိုင်သို့ နေ့စဉ် လျှောက်လှမ်းပါ။

(၂၅)ယနေ့မှစ၍ မိမိခံစားချက် အစစ်အမှန်တို့ကိုသာ ထုတ်ဖော်ပြောကြားပါ။

(၂၆)ယနေ့မှစ၍ မိမိဘဝကို မိမိတာဝန်ယူပါ။

(၂၇)ယနေ့မှစ၍ မိမိဘဝ၏ အရေးကြီးသော လက်တွဲဖော်တို့ အပေါ် ချစ်ခင်ယုယပါ။

(၂၈)ယနေ့မှစ၍ မိမိထိန်းချုပ်နိုင်သည့် အရာတို့ကို စူးစိုက်လေ့လာပါ။

(၂၉)ယနေ့မှစ၍ ရလဒ်ကောင်းထွက်ရေးကိုသာ ဦးတည်လုပ်ကိုင်ပါ။

(၃၀)ယနေ့မှစ၍ သင်မည်သူ့ထက် ဆင်းရဲသည်ဟု မတွေးတော့ပဲ သင်မည်မျှ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်နေသည် ဆိုတာကိုတွေးပါ။

Sources: အချစ်ဘုရင် ( ကနောင် )

No comments:

Post a Comment