Latest News

Friday, January 13, 2017

ထိုင်းနိုင်ငံအစိုးရမှ ရခိုင်ပြည်နယ်အတွက် အလှူငွေပေးအပ်လှူဒါန်း

ထိုင်းနိုင်ငံအစိုးရမှ ရခိုင်ပြည်နယ်အတွက် အလှူငွေပေးအပ်လှူဒါန်း


(၁၃-၁-၂၀၁၇ ရက်နေ့ ၊ နေပြည်တော်)

ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံအစိုးရက ဆောင်ရွက်နေသည့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများအတွက် ထိုင်းနိုင်ငံ အစိုးရမှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၂ သိန်း အား ထိုင်းနိုင်ငံအစိုးရ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Pisanu Suvanajata က ယနေ့ ၁၁း၀၀ နာရီ အချိန် တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့ပါသည်။

ထိုင်းနိုင်ငံမှ လှူဒါန်းငွေအား လူသားချင်း စာနာထောက်ထားမှု အကူအညီ များပေးအပ်ရေးအတွက် ဖွင့်လှစ်ထား သည့် သက်ဆိုင်ရာငွေ စာရင်းသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်၌ လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် သုံးစွဲသွားနိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရသို့ လွှဲပြောင်းပေး အပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Ref;  Ministry of Foreign Affairs Myanmar

No comments:

Post a Comment