နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မှ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးအား လက်ခံတွေ့ဆုံ
(၁၃-၁-၂၀၁၇ ရက်နေ့ ၊ နေပြည်တော်)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မှ ဥရောပနိုင်ငံမဟုတ်သည့် နိုင်ငံများ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယ၀န်ကြီး H.E.Mr. Martin Tlapa အား ယနေ့ ၀၉း၃၀ နာရီအချိန်တွင် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ဥရောပနိုင်ငံမဟုတ်သည့် နိုင်ငံများ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယ၀န် ကြီး H.E.Mr. Martin Tlapa မှာ ပထမအကြိမ် မြန်မာ-ချက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ဆွေးနွေးပွဲအား တက်ရောက်ရန် အတွက် မြန်မာနိုင်ငံသို့ရောက်ရှိနေခြင်းဖြစ်ပါသည်။
ပထမအကြိမ် မြန်မာ-ချက် နှစ်နိုင်ငံနိုင်ငံခြား ရေးဝန်ကြီးဌာနများအကြားဆွေးနွေးပွဲကို ယနေ့ ၁၀း၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမတွင် ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက်မှ နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးကျော်ဇေယျခေါင်းဆောင်ပြီး ချက်နိုင်ငံဘက်မှ ဒုတိယ၀န်ကြီး H.E.Mr. Martin Tlapa ခေါင်းဆောင်တက်ရောက်ခဲ့ကြောင်း ၊ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ရေး၊ စီးပွားရေး နှင့်ရင်းနှီးမြုပ်နှံမှု၊ ပညာရေးနှင့် ယဉ်ကျေးမှုစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် အတွက် ဆွေးနွေးခဲ့ကြကြောင်းကိုလည်းဖော်ပြအပ်ပါသည်။
Ref; Ministry of Foreign Affairs Myanmar
Friday, January 13, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မှ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးအား လက်ခံတွေ့ဆုံ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မှ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးအား လက်ခံတွေ့ဆုံ
Reviewed by Ar Ti
on
12:39 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment