Latest News

Wednesday, January 18, 2017

လိုင်ယွန်အသင်းသို့ ဒီပိုင်း ပြောင်းရွှေ့ရန် မူအားဖြင့် သဘောတူညီမှုရရှိ

လိုင်ယွန်အသင်းသို့ ဒီပိုင်း ပြောင်းရွှေ့ရန် မူအားဖြင့် သဘောတူညီမှုရရှိ

မန်ယူအသင်းတွင် ပုံမှန်နေရာပျောက်ဆုံးနေသည့် တောင်ပံကစားသမား ဒီပိုင်းသည်ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းသို့ ပြောင်းရွှေ့ရန် မူအားဖြင့် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ဒီပိုင်းသည် လိုင်ယွန်အသင်းနှင့် (၄)နှစ်ခွဲစာချုပ်ချုပ်ဆိုသွားမည်ဖြစ်ပြီး
လာမည့် (၂)ရက်၊ (၃)ရက်အတွင်း ဆေးစစ်ဆေးမှုခံယူမည်ဖြစ်သည်။

လိုင်ယွန်အသင်းသည် ဒီပိုင်းကို ခေါ်ယူရန်အတွက် တရားဝင် (၂)ကြိမ်တိုင်ကမ်းလှမ်းခဲ့ပြီးယခုတတိယအကြိမ်မြောက်ကမ်းလှမ်းမှုကို မန်ယူအသင်းက လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လိုင်ယွန်အသင်းသည် ပထမအကြိမ်အဖြစ် ယူရို (၉)သန်း၊ ဒုတိယအကြိမ်အဖြစ် ယူရို (၁၁ .၅)သန်းနှင့် တတိယအကြိမ်အဖြစ် ယူရို(၁၆)သန်းမှ သန်း(၂၀)၀န်းကျင်ကြား ကမ်းလှမ်းခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ခန့်မှန်းဖော်ပြခဲ့သည်။

လိုင်ယွန်အသင်းက ဒီပိုင်းကို ယခုရက်သတ္တပတ်ကုန်တွင် အပြီးသတ်ခေါ်ယူရန် ဆန္ဒရှိနေသည်။

Sources: Eleven Sports

No comments:

Post a Comment