ကမ္ဘာပေါ်က အအေးဆုံးမြို့ (၆) မြို့
ကမ္ဘာပေါ်က အအေးဆုံးနေရာတွေကို ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရာသီဥတုက သုံးမျိုးရှိပေမဲ့ အချို့နိုင်ငံတွေမှာတော့ လေးမျိုးရှိပါတယ်။ ကိုယ့်နိုင်ငံမှာ ဆောင်းရာသီဆိုရင် အရမ်းကြီးချမ်းမနေတော့ အအေးဒဏ်ကို ခံရတာက တောင်ပေါ်ဒေသတွေလောက်ပဲရှိပါတယ်။ ရန်ကုန်လို မြို့ပြကြီးတွေဆိုရင် အေးတယ်ဆိုသာရုံလေးပဲရှိတာပါ။ ကမ္ဘာပေါ်က အအေးဆုံးနေရာတွေကို သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ်။
၁။ ဗာခိုယန့်စ် (ရုရှား)
ဆိုက်ဘေးရီးယားရဲ့ အအေးကကြမ်းလွန်းတော့ လူသိပ်မနေကြပါဘူး။ ၂၀၀၂ ခုနှစ် သန်းခေါင်စာရင်းကောက်မှုအရ ဒီမြို့လေးမှာ လူဦးရေ ၁၄၃၄ ဦးသာ နေထိုင်ကြပါသတဲ့။ သံဖြူနဲ့ရွှေတူးဖော်ရေးနေရာလည်း ဖြစ်ပါတယ်။ ဇန်နဝါရီလ ပျမ်းမျှအပူချိန်ဟာ ရေခဲမှတ်အောက် ၅၆ ဒီဂရီ ရှိပါတယ်။
၂။ အွိုင်မြာကွန် (ရုရှား)
၁၉၈၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှာ ဒီမြို့လေးရဲ့ အေးခဲမှုဟာ စံချိန်တင်ခဲ့ဖူးပါတယ်။ ရေခဲမှတ်အောက် (သုညအောက်) ၉၀ ဒဂရီနဲ့ပါ။ လူဦးရေ ၅၀၀ နဲ့ ၈၀၀ ကြား အခြေချနေထိုင်ကြပါတယ်။ ရာသီဥတုက ပုံမှန်အချိန်မှာတောင် ရေခဲမှတ်အောက် ၅၂ ဒီဂရီ ရှိပါတယ်။ ဒီလောက်အေးတဲ့အချိန်မှာတောင် ကျောင်းတွေမပိတ်ပါဘူး။
၃။ International Falls (အမေရိက)
အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံရဲ့ နယ်စပ်မှာ တည်ရှိတဲ့ မြို့လေးဖြစ်ပါတယ်။ အမေရိကန်နယ်နိမိတ် မင်နီဆိုးတားပြည်နယ်ထဲမှာ ပါဝင်တဲ့ ဒီမြို့လေးမှာ လူဦးရေ ၆၇၀၃ ဦး နေထိုင်ကြတယ်လို့ ၂၀၀၀ ပြည့်နှစ် သန်းခေါင်စာရင်းမှာ ဖော်ပြခဲ့ပါတယ်။ ဇန်နဝါရီလ ပျမ်းမျှအပူချိန်က ၂.၈ ဒီဂရီဖာရင်ဟိုက်သာ ရှိပြီး တစ်နှစ်ကို ရက်ပေါင်း ၆၀ ကျော်လောက်က သုညဒီဂရီဖာရင်ဟိုက်မှာ ရောက်နေတတ်ပါတယ်။
၎။ ဟဲလ် (နော်ဝေး)
နော်ဝေးကို အအေးဓာတ်ကဲတဲ့နိုင်ငံအဖြစ် သိကြပါလိမ့်မယ်။ ဟဲလ် (ငရဲဘုံ)လို့ အမည်ရတဲ့မြို့မှာတော့ ဒီဇင်ဘာလကနေ မတ်လအထိ အေးခဲနေတတ်ပါတယ်။ ရာသီဥတုက ရေခဲမှတ်ကို ရောက်နေတာပါ။
၅။ ဘာရို (အမေရိက)
အမေရိကန်ပြည်ထောင်စု မြောက်ဘက်စွန်းပိုင်းမြို့လေးဖြစ်ပါတယ်။ အလက်စကာပြည်နယ်ထဲမှာ ပါဝင်ပြီး မြောက်ဝင်ရိုးစွန်းရဲ့ တောင်ဘက် ၁၃၀၀ မိုင် အကွာမှာ တည်ရှိနေတဲ့မြို့လေးပါ။ အာတိတ်စက်ဝိုင်းနဲ့လည်း ၃၂၀ မိုင်သာ ကွာဝေးပါတယ်။ နိုဝင်ဘာလကုန်မှာ ဝင်သွားတဲ့ နေလုံးကြီးဟာ ဇန်နဝါရီလမကုန်မချင်း ပြန်ပြီးထွက်ပေါ်မလာပါဘူးတဲ့။ နွေခေါင်ခေါင်မှာတောင် အေးနေတတ်တဲ့မြို့ဖြစ်ပြီး ဇွန်လအထိကို အေးခဲနေပါတယ်။
၆။ စနက်ဂ် (ကနေဒါ)
ကနေဒါနိုင်ငံရဲ့ အအေးဆုံးဒေသ ဖြစ်ပါတယ်။ ရေခဲမှတ်အောက် ၇၂ ဒီဂရီအထိကို အေးနေတာပါ။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ရေခဲမှတ်အောက် ၈၁ ဒီဂရီအထိ အပူချိန် ထိုးဆင်းခဲ့လို့ မြောက်အမေရိကမှာ သမိုင်းတစ်လျှောက် အအေးဆုံးနေရာအဖြစ် စံချိန်တင်ဖူးတဲ့ မြို့လေးလည်း ဖြစ်ပါတယ်။ ဒီမြို့က ပူရင်လည်း ၃၂ ဒီဂရီအထိ ပူပြင်းပြီး အေးရင်လည်း ၁၀ ဒီဂရီဖာရင်ဟိုက်သာ ရှိပါတော့တယ်။ တစ်နှစ်ပတ်လုံးအေးနေတဲ့မြို့လေးလို့ သိရပါတယ်။
Source : MNN: Duwun
Monday, January 9, 2017
ကမ္ဘာပေါ်က အအေးဆုံးမြို့ (၆) မြို့
Reviewed by Ar Ti
on
9:08 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment