Latest News

Tuesday, January 17, 2017

လူနာတင်ယာဉ် လိုအပ်တဲ့ ပရဟိတ အဖွဲ့တွေ ဆက်သွယ်နိုင်

လူနာတင်ယာဉ် လိုအပ်တဲ့ ပရဟိတ အဖွဲ့တွေ ဆက်သွယ်နိုင်

ရန်ကုန် ဇန်နဝါရီ (၁၇)

ဆေးရုံ ၊ ဆေးပေးခန်းတွေ ဝေးလံတဲ့ ဒေသတွေနဲ့ လူနာတင်ယာဉ် လိုအပ်နေတဲ့ ပရဟိတ အဖွဲ့ အစည်းတွေ အတွက် လူနာတင်ယာဉ် (၃) စီး လှုဒါန်းလို တာကြောင့် ပရဟတိ အသင်း အဖွဲ့တွေ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

“ အမှန်တကယ် လိုအပ်တဲ့ နေရာမှာ အသုံးပြုဖို့ လိုနေတဲ့ အဖွဲ့တွေကို လှုချင်တာပါ၊ တကယ်လည်း ဆင်းရဲပြီး လူနာတင်ယာဉ် မရှိတဲ့ ဒေသမျိုးကို ရွေးမှာပါ၊ လှုမယ့် အလှုရှင်က နိုင်ငံခြားသားပါ၊

အစိုးရနဲ့ ဘယ်လိုမျိုးမှ မသက်ဆိုင်ပဲ တကယ် လိုအပ်တဲ့ နေရာဒေသ အတွက် လှုချင်တာပါ “ လို့ အလှုရှင် ကိုယ်စား ဆောင်ရွက်ပေးတဲ့ KNU/ KNLA (PEACE COUNCIL) က ဒုတိယ ဗိုလ်မှုးကြီး စောတာဘလဲ့ က ပြောပါတယ်။

လှူဒါန်းပေးမယ့် သူက နိုင်ငံခြားသား ဖြစ်ပြီး မြန်မာနိုင်ငံမှာ လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပရဟိတ အသင်းအဖွဲ့တွေ ထဲမှာ ငွေကြေးချို့တဲ့ပြီး အမှန်တကယ် လိုအပ်နေတဲ့ ဒေသက အဖွဲ့တွေကို လှုဒါန်းမယ်လို့ သိရပါတယ်။

အရေးပေါ်သုံး ဆေးပစ္စည်းတွေ ပါဝင်တဲ့ လူနာတင်ယာဉ် (၃) စီးကိုလှုဒါန်းမှာ ဖြစ်ပြီး လှုဒါန်းမယ့် လူနာတင် ယာဉ်ကို ယိုးဒယားနိုင်ငံကနေ တင်သွင်းပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ လျောက်တဲ့ အဖွဲ့အစည်းတွေ မှန်ကန်ကြောင်း စိစစ်ပြီး တကယ် လိုအပ်မှုရှိ မရှိဆိုတာ အဲ့ဒီဒေသတွေကို သွားကြည့် ပြီးတော့ မှ သေချာပြီဆိုရင် အဲဒီ အဖွဲ့အစည်း နာမည်နဲ့ လိုင်စင် လျောက်တာတွေ လုပ်ပေးမှာပါ၊ ကားကိုတော့ ယိုးဒယားကနေ သွင်းရမှာပါ “ လို့ ဒုတိယ ဗိုလ်မှုးကြီး စောတာဘလဲ့ က ပြောပါတယ်။

လူနာတင်ယာဉ် လိုအပ်တဲ့ ပရဟိတ အဖွဲ့အစည်းတွေ အနေနဲ့ မိမိတို့ အသင်းက အမှန်တကယ် မှတ်ပုံတင် ဖွဲ့စည်းထားကြောင်း မှတ်ပုံတင် လက်မှတ်၊ ဆက်သွယ် ရမယ့် အသင်းလိပ်စာ၊ နဲ့ အသင်းရဲ့ ပရဟိတ ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ် အကျဉ်းချုပ် စတဲ့ အချက်အလက် တွေကို လျောက်လွှာ စာရွက်ပေါ်မှာ ရေးသား ဓါတ်ပုံရိုက်ပြီး viber ဖုန်းနံပါတ် ၀၉၄၄၈၁၃၂၉၄၉ ကို ပေးပို့နိုင်တယ် လို့ သိရပါတယ်။

ပေးပို့လိုသူတွေ အနေနဲ့ ယခုလကုန် နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်ပြီး အဖွဲ့ အစည်းတွေရဲ့ မှတ်ပုံတင် ဖွဲ့စည်းထားကြောင်း တရားဝင် ခွင့်ပြုချက် ရရှိထားတဲ့ စာရွက် စာတမ်းတွေ ကိုတော့ မဖြစ်မနေ ပေးပို့ဖို့လိုတယ် လို့ သိရပါတယ်။

Sေources: မသော်တာမောင်/ကုမုဒြာ

No comments:

Post a Comment