Latest News

Tuesday, January 17, 2017

တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူခွင့်ရသူများ နှစ်ပတ်အတွင်း မဆက်သွယ်ပါက ၀ယ်ယူခွင့် ရုပ်သိမ်းမည်

တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူခွင့်ရသူများ နှစ်ပတ်အတွင်း မဆက်သွယ်ပါက ၀ယ်ယူခွင့် ရုပ်သိမ်းမည်

တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းဝယ်ယူခွင့် ရရှိသူများသည် နှစ်ပတ်အတွင်း လာရောက်ဆက် သွယ်ခြင်း မရှိပါက ၀ယ်ယူခွင့်ပြန် လည် ရုပ်သိမ်းမည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ သတင်းရရှိသည်။

အိမ်ရာဝယ်ယူခွင့်ရရှိထား သူများ စာရင်းကို ဇန်န၀ါရီ ၁၀ ရက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၊ ရုံးအမှတ်(၄၀) နေ ပြည်တော်နှင့်ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်း လမ်းမကြီးပေါ်ရှိ တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်တိုင်း ဒေသကြီး)နှင့် ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ခွဲများ အားလုံးတွင် စတင်ကြေညာထား သည်။

‘‘နှစ်ပတ်အတွင်းတော့ လာ ဆယ်သွယ်ရမယ်။ မလာရင်တော့ ၀ယ်ယူခွင့်ကို ပယ်ဖျက်မယ်။ တချို့က ကိုယ်လျှောက်ထားတဲ့ အခန်းမရတော့ မလိုချင်တဲ့သူ တွေကို ရှိတယ်။ တကယ်လိုချင် တဲ့သူတွေအတွက် နစ်နာတာပေါ့’’ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီး ဌာနမှ ညွှန်ကြားရေးမှူးဒေါ်မီမီ တင်က ပြောသည်။

အခန်းဝယ်ယူခွင့်ရရှိသူများ အား ဘဏ်တွင်ရောင်းချသူနှင့် ၀ယ်ယူသူတို့ စာချုပ်ချုပ်ဆိုပြီးပါ က အခန်းအပ်နှံပြီး နေထိုင်ခွင့်ပေး မည်ဖြစ်သည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနသည် ယုဇန၊ ရွှေလင် ဗန်း၊ကနောင် အိမ်ရာစီမံကိန်းများ ရှိ အခန်းပေါင်း ၂,၁၀၀ ကျော်ကို ဘဏ်ချေးငွေဖြင့် ဘဏ်တွင်ငွေ စာရင်းဖွင့်လှစ်ထားပြီး သတ်မှတ် ရာခိုင်နှုန်း ပြည့်မီသူများအား စတင်ရောင်းချနေပြီ ဖြစ်သည်။

အိမ်ရာဝယ်ယူခွင့်ရရှိသူများ သို့ စည်းကမ်းချက်နှင့် သတ်မှတ် ချက်များ ထုတ်ပြန်ခဲ့ပြီး ၎င်းတို့သည်အိမ်ပိုင်မရှိသူဖြစ်ရမည်ဟု သတ်မှတ်ထားကာလစဉ် ပုံမှန်ဝင်ငွေရှိပြီး ဘဏ်ချေးငွေအတွက် ပုံမှန်ပေးဆပ်နိုင်သူဖြစ်ရမည်ဟု သတ်မှတ်ချက်တွင်ပါဝင်သည်။

စီနီယာအလိုက် ၀ယ်ယူခွင့် ပေးသောကြောင့် မိမိအလှည့်သို့ ရောက်သော်လည်း ၀ယ်ယူလို သော ဆန္ဒမရှိပါက မ၀ယ်ယူဘဲ နောက်အလှည့်ကိုစောင့်ဆိုင်း၍ ရကြောင်းသိရသည်။

Sources: 7Day News Journal

No comments:

Post a Comment