Latest News

Friday, January 13, 2017

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ မြန်မာအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ မြန်မာအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

အာဆီယံ တက္ကသိုလ်များအားကစားပြိုင်ပွဲ (19th Asean University Game AUG)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ်လို့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညီားစီးဌာန(မန္တလေးရုံးခွဲ)၊ ဒု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

မန္တလေးမြို့၊ မန္တလေး သီရိအားကစားကွင်းမှာ အခုလ ၁၀ ရက်ကကျင်းပတဲ့ ရတနာပုံ တက္ကသိုလ်၊ ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲ အခမ်းအနားမှာထည့်သွင်းပြောကြားတာပါ။

သည်ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပမှာဖြစ်ပြီး ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ ရေကူး၊ ဘတ်စကတ်ဘော၊  စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ စစ်တုရင်၊ ကရာတေးဒိုး၊ ဝူးရှူး၊ မြားပစ်၊ လှေလှော်၊ ဂေါက်သီး၊ ပီတန်းနဲ့ ဗိုဗီနမ် အားကစားတွေပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

သည်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မြန်မာနိုင်ငံတက္ကသိုလ်များလက်ရွေးစင်အသင်းတစ်သင်း ဖြစ်ပေါ်ရေးနဲ့ အောင်ပွဲဝင်အားကစားသမားတွေပေါ်ထွန်းလာရေးအတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ဦးဆောင်ပြီးသက်ဆိုင်ရာအားကစားအဖွဲ့ချုပ်တို့နဲ့ ပူးပေါင်းကာလေ့ကျင့်ရေးကိစ္စအတွက် စီစဉ်ဆာင်ရွက်နေပြီဖြစ်ပါ တယ်။

အားကစားဟာ ကမ္ဘာမှာထိရောက်ကောင်းမွန်တဲ့ သံတမန်လမ်းကြောင်းတစ်ခုဖြစ်သလို နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာကသိအောင်ဖော်ဆောင်ရာမှာလည်း နိုင်ငံရဲ့အားကစားအဆင့်နဲ့ တိုင်းတာဖော်ဆောင်ပါတယ်။

မြန်မာ့အားကစားအဆင့်မြင့်ဖို့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကအရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေသ လို မြန်မာကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၁၉ ကြိမ်မြောက်  အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအောင်နိုင် ရေးအတွက်အထောက်အကူဖြစ်စေဖို့ တက္ကသိုလ်အသီးသီးမှာအားကစားနည်းအမျိုးမျိုးကို ပြိုင်ပွဲကျင်းပပေးတာဖြစ် တယ်လို့ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

Sources; အေးစုမွန် - ကုမုဒြာ

No comments:

Post a Comment