Latest News

Friday, January 13, 2017

ကမ္ဘာ့ချန်ပီယံဆုကို မြန်မာနိုင်ငံကို ယူဆောင်ဖို့ မျှော်လင့်ထားတယ်လို့ အောင်လပြော

ကမ္ဘာ့ချန်ပီယံဆုကို မြန်မာနိုင်ငံကို ယူဆောင်ဖို့ မျှော်လင့်ထားတယ်လို့ အောင်လပြော

ကမ္ဘာ့ချန်ပီယံ ဘစ်ဂ်ဒက်ရှ်ကတော့ ယနေ့ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ သူ့ရဲ့ရွှေခါးပတ်ကို ရာနှုန်းပြည့် ကာကွယ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားထားပါတယ်။

MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို အရယူပြီး မြန်မာနိုင်ငံကို ယူဆောင်လာဖို့ မျှော်လင့်ထားတယ်လို့ အောင်လက ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၁၄ ရက် (ယနေ့) မှာ အောင်လအန်ဆန်ဟာ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဂ်ဒက်ရှ်နဲ့ MMA မစ်ဒယ်ဝိတ်တန်း  One Championship ကမ္ဘာ့ချန်ပီယံလုပွဲကို ထိုးသတ်မှာ ဖြစ်ပါတယ်။

MMA အားကစားမှာ One Championship ရဲ့ ချန်ပီယံခါးပတ်ဟာ ဂုဏ်အယူရဆုံးဆုတစ်ခုဖြစ်ပြီး ဒီချန်ပီယံခါးပတ်ကို ကျွန်တော်အရမ်းလိုချင်တယ်လို့လည်း အောင်လက ပြောကြားထားပါတယ်။

မြန်မာပရိသတ်အချစ်တော် အားကစားကြယ်ပွင့် တစ်ဦးဖြစ်တဲ့ အောင်လဟာ  မြန်မာနိုင်ငံကို အဆိုပါကမ္ဘာ့ချန်ပီယံဆု ယူဆောင်ပြသဖို့ မျှော်လင့်ထားကြောင်းလည်း ပြောကြားခဲ့ပြီး မဆုတ်မနစ်အားပေးခဲ့တဲ့ ပရိသတ်ကို အကောင်းဆုံးပေးဆပ်ရာရောက်ပါလိမ့်မယ်လို့ ဆိုပါတယ်။

အသက် (၃၁) နှစ်အရွယ် အောင်လအန်ဆန်ဟာ MMA ပြိုင်ပွဲတစ်လျှောက် ၂၈ ပွဲ ယှဉ်ပြိုင်ရာမှာ ၁၉ ပွဲ အနိုင်ရရှိထားပြီး ကိုးပွဲရှုံးနိမ့်ထားပါတယ်။

အောင်လရဲ့ ပြိုင်ဘက် အသက်(၃၂)နှစ်အရွယ် ရုရှားတိုက်ခိုက်ရေးသမားဖြစ်သူ လက်ရှိ MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဘစ်ဂ်ဒက်ရှ်ကတော့ ယနေ့ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ သူ့ရဲ့ရွှေခါးပတ်ကို ရာနှုန်းပြည့် ကာကွယ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားထားပါတယ်။

Photos & Source: Aung La Nsang(Burmese Python), 7Day Daily, ABS/CBN/Duwun

No comments:

Post a Comment