Latest News

Saturday, January 14, 2017

သီရိ လင်္ကာ တုတ်တုတ် တွေ အတွက် စည်းမျဉ်း အသစ်တွေ ချမှတ်

သီရိ လင်္ကာ တုတ်တုတ် တွေ အတွက် စည်းမျဉ်း အသစ်တွေ ချမှတ်

သီရိလင်္ကာ နိုင်ငံမှာတော့ အစီးရေ တစ်သန်း ကျော် ရှိတဲ့ တုတ်တုတ် သုံးဘီး အငှားယာဉ် တွေ အတွက် စည်းမျဉ်း စည်းကမ်း အသစ် တွေကို တာဝန် ရှိသူ တွေက ပြဌာန်း သတ်မှတ် လိုက်ပါတယ်။

သုံးဘီး အငှားယာဉ် မောင်းသူတွေ လိုက်နာ ရမယ့် အပြုအမူ အနေအထိုင်တွေ၊ အသက်ကန့်သတ်ချက် ပြီးတော့ ခရီးအကွာ အပေါ် ကို မီတာ နဲ့ တိုင်းတာပြီး ယာဉ် စီးခ တောင်းခံ တဲ့ စနစ်တွေကို ပို့ဆောင်ရေး ဝန်ကြီး ဌာနက အတည်ပြု ပြဌာန်း လိုက်တာပါ။

ဒါ့ အပြင် တုတ်တုတ်မှာ ဝိုက်ဘာ လို့ ခေါ်တဲ့ လေကာမှန်သုတ်တံ မဖြစ်မနေ တပ်ဆင် ရမှာ ဖြစ်ပြီး ညအချိန်မှာ ခရီးသည်တွေ စီးနင်း တဲ့ နေရာမှာ  အလင်းရောင် ရှိဖို့  မီးလုံး ထွန်း ရမှာ ဖြစ်ပါတယ်။

ပြီးတော့ တုတ်တုတ် မောင်းသူ ဒရိုင်ဘာတွေ ဟာ ယာဉ်မောင်းလိုင်စင် နဲ့ မှတ်ပုံ တင် ကို လည်း မြင်သာ တဲ့ နေရာမှာ ထားရှိ ရမယ်လို့ တာဝန်ရှိသူတွေက ညွှန်ကြား ခဲ့ပါတယ်။

သီရိလင်္ကာ နိုင်ငံမှာ တုတ်တုတ် သုံးဘီး အငှားယာဉ် မတော်တဆ မှုကြောင့် ပြီးခဲ့တဲ့ နှစ်မှာ လူ ၄၀၀ ကျော် သေဆုံး ခဲ့ရကြောင်း ရဲတပ်ဖွဲ့ က စာရင်း ထုတ်ပြန် ထားပါတယ်။

Sources; ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment