Latest News

Saturday, January 14, 2017

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဒုတိယမြို့တော်ဝန်အဖြစ် ဦးရဲမွန်အား မဲပေးခန့်အပ်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဒုတိယမြို့တော်ဝန်အဖြစ် ဦးရဲမွန်အား မဲပေးခန့်အပ်

မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီ ပုဒ်မ ၁၄(က) အရ ပြည်သူများရွေး ကောက်တင်မြှောက်ထားသော ကော်မတီဝင်ခြောက်ဦးအနက် တစ်ဦးကို ဒုတိယမြို့တော်ဝန်အ ဖြစ် ရွေးချယ်ခန့်အပ်ရမည်ဖြစ်ရာ ဦးရဲမွန်အား မဲပေးရွေးချယ်ခန့် အပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဒုတိယမြို့တော်ဝန်အဖြစ် ရွေးချယ်တာဝန်ပေးရန် မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီရုံးတွင် ဇန်န၀ါရီ ၁၃ ရက်က ဆန္ဒမဲခွဲဆုံးဖြတ်ရာဦးရဲမွန် က ကိုးမဲ၊ဦးကျော်ဇောအောင်က သုံးမဲရရှိကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေး ကော် မတီက ထုတ်ပြန်ခဲ့သည်။

ဦးရဲမွန်သည် အစိုးရသစ် လက်ထက် မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီဝင်အ ဖြစ် အမရပူရမြို့နယ် မဲဆန္ဒနယ် က ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိ ခြင်းဖြစ်ကာ ယခင်အစိုးရ လက် ထက်ကလည်း ကော်မတီဝင်အ ဖြစ် ရွေးချယ်ခန့်အပ်ခံရသူဖြစ် သည်။မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီတွင် တာ ၀န်ထမ်းဆောင်ရန် ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် ကော်မတီဝင်များနှင့် ရွေးကောက် ခံ ကော်မတီဝင် ၁၁ ဦးကို ဇန်န၀ါ ရီ ၁၂ ရက်က ဌာနတာဝန်များ ခွဲ ဝေပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အ စိုးရအဖွဲ့က တိုက်ရိုက်ခန့်အပ် ထားသည့် ကော်မတီဝင်များဖြစ် သည့် ဦးအောင်ကျော်ထွန်းကို မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာန၊ ဒေါ်မြင့်မြင့်သန်းကို ရေနှင့် သန့်ရှင်းရေးဌာန၊ ဦးသစ်ဆင်းကို သန့်ရှင်းရေးဌာန၊ ဦးကျော်ရင်မြင့် ကို ဈေးနှင့် သားသတ်ဌာန၊ ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာန၊ ဦးရဲမြတ်သူကို လမ်းတံတား ဌာန၊ ကွန်ပျူတာဌာနခွဲ၊ စီမံရေး ရာဌာနတို့တွင် အသီးသီးတာဝန် ပေးအပ်ခဲ့သည်။

ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည့် ဒုတိယမြို့ တော်ဝန် ဦးရဲမွန်အား စစ်ဆေး ဌာန၊ ဦးခိုင်မြင့်ကို အဆောက်အ အုံနှင့် ကုန်ရုံဌာန၊ ဦးကျော်ဇေယျ ကို စက်ရုံနှင့် မော်တော်ယာဉ်ဌာန၊ ဦးကျော်ဇောအောင်ကို အခွန်ဌာန၊ဦးဇော်မျိုးလွင်ကို စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာန၊ ဦးစောဟန်ကို ပန်းဥယျာဉ်နှင့် ကစားကွင်းဌာန တွင်  ကြီးကြပ်လုပ်ဆောင်ရန် တာဝန်  ပေးအပ်ထားကြောင်း သတင်းရရှိသည်။

Sources; 7 Day News Journal

No comments:

Post a Comment