Latest News

Saturday, January 7, 2017

“သေဒဏ်ချမှတ်ခံရသည့်မြန်မာနှစ်ဦး၏မိခင်များကို သိန်း၅၀စီ ဦးဇော်ဇော်လှူဒါန်း”

“သေဒဏ်ချမှတ်ခံရသည့်မြန်မာနှစ်ဦး၏မိခင်များကို သိန်း၅၀စီ ဦးဇော်ဇော်လှူဒါန်း”

ဧရာဝတီဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ထိုင်းနိုင်ငံလိပ်ကျွန်းအမှုကြောင့်သေဒဏ်ချမှတ်ခံရသည့် မြန်မာနှစ်ဦး၏ မိခင်နှစ်ဦးကို တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ စီကို ယနေ့ (ဇန်နဝါရီ ၃ )ရက်တွင် လှူဒါန်းလိုက်သည်။

ခင်ပွန်းသည်များ မရှိကြတော့သဖြင့် မိခင်နှစ်ဦး၏ စားဝတ်နေရေးနှင့် ကျန်းမာရေး တို့အတွက် အဆင်ပြေစေရန်ကူညီလှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် ဦးဇော်ဇော်က ဝင်းဇော်ထွန်း၏ မိခင်ဖြစ်သူ လည်ပင်းခွဲစိတ်မည့် ကုန်ကျစရိတ်အားလုံးကိုလည်း တာဝန်ယူပေးခဲ့ကြောင်း မြန်မာနှစ်ဦး အမှုကို လိုက်ပါကူညီနေသည့် ကိုယ်စားလှယ်အဖွဲ့မှ ဦးထူးချစ်က သူ၏ဖေ့ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် အသိပေးထားသည်။

Sources; 7 Day News Journal

No comments:

Post a Comment