Latest News

Friday, January 6, 2017

လိုအပ်ပါက ကင်မ်ဂျုံအန်းကို လုပ်ကြံမည့် အထူးစစ်ဆင်ရေး ယူနစ်တစ်ခု ဖွဲ့စည်းရေး တောင်ကိုရီးယား အရှိန်မြှင့်

လိုအပ်ပါက ကင်မ်ဂျုံအန်းကို လုပ်ကြံမည့် အထူးစစ်ဆင်ရေး ယူနစ်တစ်ခု ဖွဲ့စည်းရေး တောင်ကိုရီးယား အရှိန်မြှင့်

တောင်ကိုရီးယား စစ်တပ်သည် လိုအပ်လာသည့် အခြေအနေ တစ်ရပ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို လက်ဦးမှုယူ လုပ်ကြံမည့် အထူးစစ်ဆင်ရေး ယူနစ် တစ်ခုကို လက်တွေ့ ဖွဲ့စည်းနေကြောင်း သိရသည်။

အဆိုပါ ကွန်မန်ဒို အထူးတပ်ဖွဲ့သည် ကင်မ်က တောင်ကိုရီးယားကို နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေပြီဟု ခိုင်ခိုင်မာမာ ယုံကြည်ရသည်နှင့် ချက်ချင်း လှုပ်ရှားတုံ့ပြန်နိုင်ရန် အဓိက ရည်ရွယ်ထားသည်။ ကင်မ်သည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တောင်ကိုရီးယားအပေါ် ရန်လိုသည့် အရိပ်အယောင်များ ပိုမို ပြသလာခဲ့သည်။

တောင်ကိုရီးယားက လေ့ကျင့်ဖွဲ့စည်းနေသည့် အထူးတပ်ဖွဲ့သည် ခေတ်အမီဆုံး နည်းပညာ အထောက်အပံ့များကိုလည်း ရရှိမည်ဖြစ်ပြီး ကွင်းဆက် လုပ်ကြံမှု စစ်ဆင်ရေးများကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်။ မြောက်ကိုရီးယားဘက်မှ နျူကလီးယားဖြင့် တိုက်ခိုက်ရန် လှုပ်ရှားမှုမျိုး စတင်လာသည်နှင့် ကင်မ်ကို လုပ်ကြံရန်ရော၊ မြောက်ကိုရီးယား နျူကလီးယား လက်နက်ရုံများကို အသေခံ စီးနင်းတိုက်ခိုက်ရန်ပါ ၎င်းတို့ကို လေ့ကျင့်ပေးထားမည်ဟု သိရသည်။

တစ်ချိန်တည်းတွင်ပင် တောင်ကိုရီးယားသည် ၎င်းတို့၏ နျူကလီးယား ကာကွယ်ရေး စွမ်းရည်များကို မြှင့်တင်ရန်လည်း လုပ်ဆောင်လျက် ရှိသည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဟန်မင်ကူးက “ကျွန်တော်တို့က တကယ်လို့ စစ်ဖြစ်နိုင်တဲ့ အခြေအနေ ကြုံလာပြီ ဆိုတာနဲ့ ထိပ်တန်း ခေါင်းဆောင်ပိုင်းကို အားယုတ်သွားအောင် အဓိက ထိုးနှက်တိုက်ခိုက်မယ့် အထူးတပ်ဖွဲ့ တစ်ခုကို လက်တွေ့ အကောင်အထည်ဖော် ဖွဲ့စည်းသွားမှာပါ”ဟု ပြောကြားထားသည်။

လတ်တလောတွင် မြောက်ကိုရီးယားသည် နျူကလီးယား လက်နက်များ ထုတ်လုပ်ရန် လိုအပ်သည့် သန့်စင်ပြီး ပလူတိုနီယမ် ပမာဏ ပိုမိုများပြားစွာ ပိုင်ဆိုင်လာနေပြီဟု တောင်ကိုရီးယားက သံသယ ရှိနေကြောင်းလည်း သိရသည်။

Sources; CNN / 7 Day News Journal

No comments:

Post a Comment