Latest News

Saturday, January 21, 2017

အနုပညာကြေးတွေစုပြီး အလှူလုပ်ခဲ့တဲ့ အိမ့်ချစ်

အနုပညာကြေးတွေစုပြီး အလှူလုပ်ခဲ့တဲ့ အိမ့်ချစ်

ဒီနေ့ သူမရဲ့ အိမ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် အိမ့်ချစ်(Eint Chit) ဟာ သူမရရှိတဲ့ အနုပညာကြေးများကို စုကာ အလှူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သူမရရှိတဲ့ အနုပညာကြေးတွေထဲကမှ ဆယ်ပုံတစ်ပုံကို  စုထားပြီး နှစ်စဉ်အလှူလုပ်ခဲ့သည်မှာ ယခုနှစ်အပါအဝင်နဲ့ဆို (၁၈)ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ ယခုနှစ်အတွက်အလှူကို ဆုတောင်းပြည့် အေးချမ်းအောင်မြင် အုတ်ခွတ်ဘုရားကြီးအား နေအိပ်ပင့်ဆောင် ပူဇော်ခြင်းနဲ့ စတုဒီသာ ကျွေးမွေးခြင်းများကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။  သူမရဲ့ အလှူကို ပရိသတ်များလည်း လာရောက်ခဲ့တယ်လို့ သိရပါတယ်။

အိမ့်ချစ်ကတော့ လက်ရှိမှာ သူမရဲ့ တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်တာဖြစ်ပြီး " အိမ့်ချစ်ဟုခေါ်သည်" တတိယတစ်ကိုယ်တော် အခွေကို  ဖေဖောဝါရီ(၁၂)ရက်နေ့မှာ စတင်ဖြန့်ချိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီသီချင်းခွေထဲမှာ လူငယ်ကြိုက် သီချင်းလေးတွေ ပါဝင်သလို အချစ်သီချင်းလေးတွေလည်း ထည့်သွင်းထားတဲ့ သူမရဲ့အခွေကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူညီစေမှာ ဖြစ်ပါတယ်။ပရိသတ်တွေအတွက် သီချင်းသစ်တွေ နားထောင်နိုင်ဖို့ ကြိုးစားနေသလို သူမရဲ့ ကိုယ်ပိုင်အမှတ် တံဆိပ်ဖြစ်တဲ့ Emily Brand ကိုလည်း ထုတ်လုပ်သွားဖို့  ရှိပါတယ်။ အဲ့ဒီ နာမည်နဲ့ အဝတ်အစားနဲ့ ဦးထုပ်တွေကို ထုတ်သွားမှာ ဖြစ်ပြီး အခွေနဲ့ တစ်ခါတည်း ထုတ်လုပ်ဖြန့်ချိဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

ချစ်ကောင်းနဲ့ အိမ့်ချစ်တို့ရဲ့ "ချစ်ဖူးတယ်"

အိမ့်ချစ်ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးလည်း ဖြစ်ပါတယ်။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေးပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်းခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။

Sources : Photo : အိမ့်ချစ် ဖေ့စ်ဘွတ် : Duwun

No comments:

Post a Comment