Latest News

Saturday, January 21, 2017

ကျောင်းသားများတင်လာသော ကျောက်ကားတိမ်းမှောက်၍ ကလေးငယ်များအပါအ၀င် လေးဦးသေဆုံး

ကျောင်းသားများတင်လာသော ကျောက်ကားတိမ်းမှောက်၍ ကလေးငယ်များအပါအ၀င် လေးဦးသေဆုံး

တိမ်းမှောက်သွားသည့် ကျောက်တင်ယာဉ်ကို တွေ့ရစဉ်

မူလတန်းကျောင်းသား များကို လမ်းကြုံတင်ဆောင်လာသည့် ကျောက်ကား လမ်းဘေး သို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ကလေးငယ်သုံးဦး အပါအ၀င် လူလေးဦး သေဆုံးခဲ့ကြောင်း သ တင်းရရှိသည်။

တနင်္သာရီတိုင်း ကော့ သောင်း-ဘုတ်ပြင်း လမ်းမအ တိုင်း ကျောက်တုံးများ သယ် ဆောင် မောင်းနှင်လာသည့် ခြောက်ဘီး ကျောက်တင်ယာဉ် သည် ဇန်န၀ါရီ ၁၉ ရက် ညနေ ၅ နာရီခန့်တွင် မျက်နှာချင်းဆိုင်မှ လာသည့်ယာဉ်ကို ရှောင်လိုက်ရာ မှ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ကော့သောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာ ရှိတစ်ဦးကပြောသည်။

ယာဉ်မောင်းဇော်လင်းထွန်း မောင်းနှင်လာသည့် ကျောက် တင်ယာဉ်သည် မိုင်တိုင် ၂၂၄/၇ ကုန်းအဆင်းသို့ အရောက်တွင် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ယာဉ်ကို ရှောင်လိုက်ရာမှ အရှိန်လွန်ကာ စက်ပျက်၍ ရပ်ထားသည့် ၁၂ ဘီးယာဉ်အရှေ့ရှိ ကိုသူရဆိုသူကို စတင်တိုက်ခဲ့ ကြောင်း ၎င်းကဆက်လက်ရှင်းပြ သည်။

ကျောက်တင်ယာဉ်မှာ ကိုသူရကို တိုက်မိပြီးနောက် လမ်း၏ ဘယ်ဘက်အခြမ်းသို့ ထိုးကျတိမ်း မှောက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကလေးငယ် သုံးဦး သေဆုံးကာ ကျန်ကလေး ငယ်နှစ်ဦးနှင့် အသက်(၄၃)နှစ်အ ရွယ် အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းကပြောသည်။

‘‘သေသွားတာက မိန်းက လေးသုံးယောက်ပါ။ တစ်ယောက်က ခုနစ်နှစ်၊ တစ်ယောက်က ကိုးနှစ်၊ နောက်တစ်ယောက်က တော့ စိစစ်နေတုန်းပါ။ မသိရ သေးဘူး။ သူတို့သုံးယောက်နဲ့ ၁၂ ဘီးယာဉ်အရှေ့မှာရပ်နေတဲ့ သူရ ဆိုတဲ့သူ စုစုပေါင်းလေးယောက် သေသွားတာပေါ့’’ဟု ၎င်းကဆို သည်။

ထို့အပြင် အသက်ခြောက် နှစ်အရွယ် ယောက်ျားလေးတစ် ဦး၊ အသက်ရှစ်နှစ်အရွယ် မိန်း ကလေးတစ်ဦးနှင့် အသက်(၄၃) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိသွားခဲ့ပြီး ကျောက် တင်ယာဉ်မောင်း ဇော်လင်းထွန်း ကို ခမောက်ကြီးနယ်မြေ ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

Sources: ဖြိုးဝေလင်း ( 7Day News Journal )

No comments:

Post a Comment