Latest News

Thursday, January 19, 2017

ခင်ဗျားတစ်ယောက်တည်းလျှောက်လုပ်လို့မရဘူးလို့ အိုဘားမားက ထရမ့်ကို သတိပေး

ခင်ဗျားတစ်ယောက်တည်းလျှောက်လုပ်လို့မရဘူးလို့ အိုဘားမားက ထရမ့်ကို သတိပေး

ဇန်န၀ါရီ ၁၉

ဘာရက်အိုဘားမားဟာ သမ္မတအနေနဲ့ သူ့ရဲ့နောက်ဆုံးသတင်းစာရှင်းလင်းပွဲမှာ ကိုယ်တစ်ယောက်တည်း စိတ်ကြိုက် ဆုံးဖြတ်လို့မရကြောင်း ဒေါ်နယ်ထရမ့်ကို အကြံပြုခဲ့ပါတယ်။

ရာထူးကဆင်းတော့မယ့်စစ်ဦးစီးချုပ်က သူ့အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေနဲ့ အနာဂတ်မှာ မျှော်မှန်းထားတာတွေကို အမေးအဖြေကဏ္ဍမှာ ဆွေးနွေးခဲ့ပါတယ်။

တက်လာမယ့်သမ္မတကို သူဘာပြောခဲ့မှန်း အသေးစိတ်မပြောပေမယ့် သမ္မတသစ်အနေနဲ့ သူ့အကြံပေးတွေရဲ့အကူအညီကို ရယူသင့်ကြောင်း “အတော်အတန်ရှည်လျားတဲ့”အကြံပြုစကားပြောခဲ့တယ်လို့ သူက ဆိုပါတယ်။

သူက ” သူ့အမြင်တော်တော်များများကို သူ့ဘေးက သူ့အကြံပေးတွေ ပုံဖော်ပေးရတော့မှာပါ။ အဲဒါကြောင့် ဒီအကြံပြုချက် တွေကို နားထောင်ဖို့အရေးကြီးပါတယ်။

“ကျွန်တော်က သူ့ကို ဒီလိုပြောခဲ့တယ်။ ဒါဟာ ခင်ဗျားတစ်ယောက်တည်း လျှောက်လုပ်လို့မရတဲ့ ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းကြီးပဲ။

“ခင်ဗျားဟာ ခင်ဗျားအဖွဲ့၊ ခင်ဗျားကက်ဘိနက်၊ ခင်ဗျားရဲ့အကြီးတန်းအိမ်ဖြူတော်အရာရှိတွေကို အများကြီးမှီခိုနေရမယ်။

“သူတို့က ခင်ဗျားကို မှန်ကန်တဲ့သတင်းအချက်အလက်ပေးအောင် ဘယ်လိုလုပ်မလဲ။ ဒါဟာ ကျွန်တော် သူ့ကိုပေးနိုင်တဲ့ အသုံးဝင်ဆုံးနဲ့ အပြုသဘောအဆန်ဆုံးအကြံဥာဏ်ဖြစ်ပါတယ်”

မေးမြန်းတဲ့တခြားမေးခွန်းတွေကို ဖြေကြားရာမှာ မစ္စတာအိုဘားမားက
:: သူလျှို ချယ်ဆီးမန်းနင်းရဲ့ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သူဆုံးဖြတ်ရတဲ့အကြောင်းရင်းကို ရှင်းပြပါတယ်။ ဒီအချက်ကို ရီပတ်ဘလစ်ကန်တွေက အထူးဝေဖန်နေကြပါတယ်။

:: အမေရိကန်က ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားကို ရင်ဆိုင်ဖို့အရေးကြီးမှန်း သူက အလေးအနက်ထားပြောပြခဲ့ပါတယ်။
:: နိုင်ငံရေးအသိုင်းအ၀ိုင်းထဲ ပြန်ဝင်ရောက်ဖို့ဆိုရင် သူ ဘယ်လိုခံစားဖို့လိုအပ်သလဲဆိုတာ ဖော်ပြခဲ့ပါတယ်။

:: သူ့သက်တမ်းအတွင်း အမေရိကန်တွေဟာ LGBHTအသိုင်းအ၀ိုင်းကို လက်ခံလာတဲ့အထိ ပြောင်းလဲလာတာကြောင့် ဂုဏ်ယူကြောင်း ပြောခဲ့ပါတယ်။

:: အနာဂတ်ဒီမိုကရေစီနဲ့ လွတ်လပ်စွာပြောဆိုခွင့်အတွက် စိုးရိမ်ကြောင်း အကြိမ်ကြိမ်ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ အရေးနိမ့်ခဲ့တာနဲ့ပတ်သက်ပြီး သူ့သမီးတွေ ဘယ်လောက်ခံနိုင်ရည်ရှိခဲ့သလဲဆိုတာ မစ္စတာအိုဘားမားက ပြောပြီး လူတိုင်း အဆင်ပြေလိမ့်မယ်လို့ ယူဆကြောင်းပြောပြီး မိန့်ခွန်းပြောမှုကို အဆုံးသတ်ခဲ့ပါတယ်။

Sources: စုပြည့်စုံ ( ကုမုဒြာ )

No comments:

Post a Comment