Latest News

Saturday, January 14, 2017

မျက်မှန်

မျက်မှန်



‘‘ဟော...အတော်ပဲ၊ မောင် ချူး...လာ၊ တို့ ဒီမှာ ဘယ်နှ ယောက်လဲ။ မောင်သန်းပါနဲ့၊ နေပါဦး၊ အင်း...အားလုံးခြောက် ယောက်။ ပေးလိုက် ပိုက်ဆံ၊ လက်ဖက်ရည်ဖိုး။ မောင်ရင်မှာလိုက်တဲ့ မျက်မှန်ဝယ်ခဲ့ပြီ’’

ဝမ်းသာလိုက်တာ။ ကျုပ် မျက်စိအဝေးမှုန် မှုန်နေတာကြာ ပြီ။ ဒီတုန်းက မိုးညှင်းမှာ မျက်မှန် ၀ယ်မရလို့ မန္တလေးက ၀ယ်ခဲ့ဖို့ ဘကြီးသိန်းဆီ မှာလိုက်တာလေ။ ကျုပ် ဘကြီးသိန်းဆီက မျက်မှန် ကို ယူပြီး ကပ်ကြည့်လိုက်တော့ ဆိုက်က အတော်ပဲ။ အံကိုကျလို့။ အိမ်ပြင် ခပ်ဝေးဝေးကို လှမ်းကြည့်လိုက်တော့လည်း အလျင်က ၀ါး ၀ါးနေတဲ့အမြင်ဟာ တစ်ခါတည်း ကို ကြည်လင်သွားတာပဲ။

‘‘ဘကြီးသိန်း ကျွန်တော်ပေး လိုက်တဲ့ ငွေတစ်ရာနဲ့ လောက်ရဲ့ လား။ စိုက်ခဲ့ရသေးလား၊ မျက်မှန် ကတော့ သိပ်ကောင်းတာပဲဗျာ၊ ဘကြီးသိန်းကို ကျေးဇူးတင်လိုက် တာ’’

‘‘သိတယ်၊ သိတယ်၊ မင်းပေး လိုက်တဲ့ ဒီဂရီနဲ့ မလွဲရအောင် ငါ သေသေချာချာ ဂရုစိုက်ပါတယ် ကွာ။ ငါကိုယ်တိုင် မျက်မှန်ဘုရင် ကိုချစ်ဆီမှာ အခေါက်ခေါက် အခါခါသွားပြီး စိတ်ကြိုက်ရွေး၊ စိတ် ကြိုက်ဆစ်ပြီး လုပ်ခဲ့တာကွ၊ ရှစ် ဆယ်ပဲ ကျပါတယ်။ အေး ကျန်တဲ့ ငွေနှစ်ဆယ်တော့ မေ့လိုက်တော့၊ ငါသုံးပစ်လိုက်ပြီ’’

‘‘ရပါတယ် ဘကြီးသိန်းရာ။ ဟေ့ မောင်သန်း၊ ရော့ပိုက်ဆံ၊ လက်ဖက်ရည်သွားဝယ်ကွာ’’

ကျုပ်  ဘကြီးသိန်းကို တကယ်ကျေးဇူးတင်တယ်ဗျာ။ မျက်မှန်နဲ့ ကျွန်တော့်မျက်လုံးနဲ့က တကယ့် ကွက်တိပဲ။ ပတ်ဝန်းကျင်ကို ကြည့်ရတာ တကယ့်ကို ခုမှ အားရပါးရပြန်ဖြစ်လာတယ်။ အဲဒီအ ချိန်မှာ ဘကြီးသိန်းကတော့ တစ် ဖွဲ့လုံးကို ဒီမျက်မှန်ရအောင် သူ ဘယ်လို ဘယ်လို အပင်ပန်းခံပြီး သွားခဲ့လာခဲ့၊ ပြောခဲ့ဆိုခဲ့ရတဲ့ အ ကြောင်းအကြီးအကျယ်ရှင်းပြနေ ပါတယ်။ ကျုပ်လည်း ဘကြီးသိန်း ကို ကျေးဇူးတင်ကြောင်း၊ သိပ် ကျေးဇူးတင်ကြောင်း၊ အများကြီး ကျေးဇူးတင်ကြောင်း၊ အလွန် လည်း အားနာပါကြောင်း ပြောပြ ပါတယ်ဗျာ။

အဲ့ဒါက ဘကြီးသိန်းရောက် တဲ့နေ့က အဖြစ်။

နောက်နေ့ကျတော့ ဒေါ်လှ မယ်တို့ အလှူမှာ ဘကြီးသိန်းနဲ့ ပြန်ဆုံတယ်။ ကျုပ်ကလည်း သူ ၀ယ်လာတဲ့ မျက်မှန်နဲ့ စတိုင်ကို ကျလို့ပေါ့။ အလှူလာတဲ့ ဧည့် သည်တွေကလည်း အတော်ကို စည်သဗျ။

ဘကြီးသိန်းက ကျုပ်ကို လည်း မြင်ရော ၀မ်းသာအားရ လှမ်းခေါ်ပြီး မျက်မှန်ကို ခဏချွတ် ခိုင်းပြီး သူ့ဘေးမှာ ၀ိုင်းထိုင်နေတဲ့သူတွေကို ပြတယ်။ အားလုံးက လည်း မျက်မှန်ကောင်းကြောင်း၊ ပုံသွက်ကြောင်း၊ မှန်သားလည်း အကောင်းစားဖြစ်ကြောင်း ပြော ကြတယ်။

ဘကြီးသိန်းကလည်း ကျုပ် အတွက်မို့ သူဘယ်လိုကြိုးစားပမ်း စား အပင်ပန်းခံ၊ အချိန်ကုန်ခံပြီး ၀ယ်ခဲ့ရကြောင်း ပြောပြတယ်။ ကျုပ်မှာလည်း ကျေးဇူးတင်ကြောင်းအထပ်ထပ်ပြောရပြန်တာပေါ့ ဗျာ။ ဟုတ်လည်း ဟုတ်ပေတာပဲ။ ကျုပ်အတွက် သူလုပ်ခဲ့ကိုင်ခဲ့တာ က သေသေသပ်သပ်နဲ့ ကွက်တိ၊ စိတ်တိုင်းကျဖြစ်နေခဲ့တာ မဟုတ် လား။ ဒါကို ဘကြီးသိန်းကလည်း ဂုဏ်ယူလို့ မဆုံးပဲ ခင်ဗျ။

အဲဒီညနေက မန္တလေးက ဧည့်သည်နှစ်ယောက်နဲ့အတူ ဘကြီးသိန်း ကျုပ်အိမ်ရောက်လာ တယ်။ ညနေစာကျုပ်ဆီမှာ စား မယ်တဲ့။ ဒါလေးများ အဆန်းလား။ရတယ်။ သိပ်ရတယ်ပေါ့။ ချက် ချင်းပဲ ကျုပ်ဆိုင်ဟင်းဆိုင်ထမင်း တွေ မှာပြီး စီစဉ်လိုက်ပါတယ်။ ဒါပေမဲ့ အချိန်ကိုက်ကလေး ဖြစ် နေလို့ ‘‘ရမ်’’ တစ်ပုလင်းလောက် ရရင် သိပ်ကောင်းမယ်လို့ ဘကြီး သိန်းက ပြောတယ်။ ရတယ်။ ရပါ တယ်။ အားလုံးပျော်ပျော်ပါးပါး ပေါ့။ ကျုပ် ချက်ချင်းပဲ ပြေးအ၀ယ်ခိုင်းလိုက်ပါတယ်။ အမြည်းတောင် ထပ်ဝယ်လိုက်သေး။ ရေခဲ၊ ဆော် ဒါလည်း အပြည့်အစုံ။ ဒါပေမဲ့ သောက်ခါနီးကျမှ ကျုပ်စိတ်ထဲမှာ တစ်ခုအောင့်သွားတယ်။

‘‘ကဲ...ကိုယ့်လူတို့ ချကြ။ ဘာမှ အားမနာနဲ့။ မောင်ချူးဆိုတာက ကျုပ်နဲ့ သိပ်ရင်းပါတယ်။ ပြီးတော့ဒီတစ်ခေါက် သူ့အတွက် ကျုပ်က မျက်မှန်တစ်လက်ဝယ်ခဲ့တယ်ဗျ။ ဒီမျက်မှန်မရှိရင် ဒီလူက အကန်းပဲ။ ဘာမှ ကောင်းကောင်းမြင်ရတာ မဟုတ်ဘူး။ တစ်နေ့တစ်နေ့ကားတိုက်ခံရမလား၊ စက်ဘီးတိုက်ခံရမလားနဲ့ တထိတ်ထိတ်နေခဲ့ရတာ။ ဟုတ်တယ် မဟုတ်လား မောင်ချူး’’

ကဲကြည့်၊ လုပ်လာပြန်ပြီ။ ကျုပ်သူ့ကို ထမင်းကျွေးတယ်ဆို တာက ကျုပ်တို့ မိုးညှင်းသားတွေ ရဲ့ စေတနာစရိုက်ဗျ။ ဒီလိုပဲ ကျုပ် တို့ဆီက ဖော်ရွေကြပါတယ်။ သူ လည်း အသိပါဗျာ။ ခုတော့ မျက် မှန်ဝယ်ပေးလို့ပဲ ကျွေးရသလိုလို၊ မှန်တာပြောရရင် ကျုပ်က နည်း နည်းတော့ အောင့်တယ်ဗျ။

အဲဒီနောက်မှာ အရက် သောက်ရင်းနဲ့ ဒီမျက်မှန်ကို သူ ဘယ်လို ခက်ခက်ခဲခဲဝယ်ခဲ့ရ ကြောင်း ပြောပြန်ရောဗျာ။ ဧည့် သည်နှစ်ယောက်ကလည်း မန္တ လေးသားတွေပဲဗျ။ ဘကြီးသိန်း ကို ထောက်ခံကြတယ်။ မန္တလေး မှာ ခုတစ်လောမျက်မှန်ရှား ကြောင်း၊ ၀ယ်ရခက်ကြောင်း၊ ဈေးကြီးနေကြောင်း၊ ကျုပ်အနေနဲ့ အရတော်ကြောင်း၊ ကံကောင်းကြောင်းပေါ့ဗျာ။ လုပ်ကြတာလေ၊ ကျုပ် ကလည်း အိမ်သည်မဟုတ်လား။ ခေါင်းတညိတ်ညိတ်နဲ့ မပြုံးချင်ဘဲ လည်း ပြုံးထားရ၊ ကျေးဇူးတင် ကြောင်းတွေလည်း ထပ်ပြောရနဲ့ စိတ်မပါဘဲ လုပ်နေရတယ်ဗျာ။ ကျုပ် ဒုက္ခကို ခင်ဗျားတို့ စဉ်းစား ကြည့်ရင် သိပါတယ်။

နောက်နေ့အဖြစ်ကတော့ ပို ဆိုးတယ်ဗျို့။ ကျုပ်က လက်စွပ် ကလေး တစ်ကွင်းရောင်းဖို့ ပွဲစားနဲ့ထည့်လိုက်တာ။

ပေးတဲ့လူက ခုနစ်ထောင် ပေးတယ်ဗျ။ အဲဒါကို ဘကြီးသိန်းက သူကြိုက်တယ်ဆိုပြီး ခြောက် ထောင်နဲ့ ဖြတ်လိုက်သတဲ့။ ပွဲစား က ကျုပ်သဘောကို ပြန်မေးပါဦး မယ်ပြောတော့၊ ပြောနေစရာမလို ပါဘူးတဲ့။ မောင်ချူးကို ပိုင်ပါ တယ်တဲ့။ ဒီတစ်ခေါက် မောင်ချူး အတွက် မျက်မှန်ဝယ်ခဲ့လို့ မောင် ချူးက သူ့ကို ဘယ်လိုကျေးဇူး ဆပ်ရမှန်းတောင် မသိအောင် ဖြစ် နေတာတဲ့။ ကဲ...။

ထားတော့။ ကျုပ်က အဲဒီ လက်စွပ်ကို လေးထောင်နဲ့ ၀ယ် ထားတာပါ။ ခြောက်ထောင်ဆို လည်း သူကြိုက်တယ်ဆိုရင် သူ့ အတွက်ဆိုရင် ဖြစ်ပါသေးတယ်။ ခုတော့ ပစ္စည်းကို မန္တလေးရောက်အောင်တောင် မစောင့်ဘူး။ မိုး ညှင်းမှာတင် ရှစ်ထောင်နဲ့ ပြန် ရောင်းလိုက်သတဲ့ဗျား။ ကဲ... ကောင်းကြရော။

အဖိတ်နေ့ကတော့ ဈေးထိပ် က လက်ဖက်ရည်ဆိုင်မှာ ဘကြီး သိန်းနဲ့ ကျောက်ပွဲစားတစ်သိုက် ထိုင်နေကြတာမြင်လို့ ကပျာက ယာဈေးမြောက်ဘက်က ပတ်ပြီး လစ်ခဲ့ရတယ်။ ကျုပ်ကို မြင်သွား ရင် သိတယ်မဟုတ်လား။ ဘယ် လွယ်လိမ့်မလဲ။ ဒီမျက်မှန်အ ကြောင်း ပြောဦးမယ်။ ကျုပ်က ကျေးဇူးတင်ကြောင်း ပြောရဦး မယ်။ မပြောနဲ့ ကျုပ်ကိုယ်ကျုပ် တောင် နားကြားပြင်းကတ်တယ် ဗျာ။ ကျုပ်ရှောင်ပါတယ်။ ဘကြီး သိန်းနဲ့ မတွေ့အောင် အလွန်သတိထားပါတယ်။ ကျောက်ပွဲစားပီပီ သူက တစ်မြို့လုံးလျှောက်သွား နေတာဗျ။ ကျုပ်လည်း မြို့ပတ် ပြေးနေရတာပဲ။

ဒါပေမဲ့ သတင်းတွေက ကြားနေရတယ်ဗျာ။ ရောက်လေရာရာ မှာ သူကျုပ်အတွက် မျက်မှန်ဝယ် လာလို့ ကျုပ်က သူ့ကို အလွန် ကျေးဇူးတင်နေတဲ့အကြောင်း၊ ဘယ်လိုကျေးဇူးဆပ်ရမလဲ စဉ်း စားနေတဲ့အကြောင်း။ တကယ် တမ်းတွေးကြည့်မယ်ဆိုရင် ကျုပ် အသက်ကို ကယ်ထားတယ်လို့ တောင် ပြောနိုင်ကြောင်း၊ သူသာ မျက်မှန်ဝယ်မလာရင် ကျုပ်ဟာ တစ်နေ့မဟုတ် တစ်နေ့ကားတိုက် ခံရမယ့် အကန်းဖြစ်ကြောင်း စုံလို့ ပါပဲဗျာ။

ကျုပ်မျက်စိမှုန်တာ မှန်ပါ တယ်။ ဒါပေမဲ့ သူ့ကိုယ်သူ သိ ကြားမင်းလောက်ဖြစ်အောင် ပြောပြောနေတာကတော့ လွန်လာပြီ ဗျာ။

နောက်ခံပြင်းတဲ့ ကိစ္စက ကျုပ်စောစောက ပြောခဲ့တယ် မဟုတ်လား။ သူပြောတဲ့ စကား လေ။ သူ့ကို ကျုပ်က ဘယ်လို ကျေးဇူးဆပ်ရမလဲလို့ စဉ်းစားနေ တယ်ဆိုတဲ့ ကိစ္စလေ။ ဘယ်လိုလဲ ဗျာ။ ဒီမျက်မှန်ဝယ်လာတဲ့ ကိစ္စ ကို ကျုပ်က စပယ်ရှယ်ကျေးဇူး ဆပ်နေရဦးမတဲ့လား။ ကျုပ် သူ ပြောလို့ ကျွေးလည်း ကျွေးပြီးပါပြီ။တိုက်လည်း တိုက်ပြီးပါပြီ။ ကျေး ဇူးတင်ကြောင်းလည်း အထပ်ထပ်ပြောပြီးပါပြီ။ ဒီမျက်မှန်အတွက်နဲ့ သူ့ကိုပဲ ကျုပ်က တစ်သက်လုံး ကျေးဇူးဆပ်နေရတော့ မလိုလို၊ သူအလကားဝယ်ခဲ့တာလည်း မ ဟုတ်ဘူးဗျ။ မျက်မှန်ဖိုးကို ကျုပ် က လုံလုံလောက်လောက် ပေး လိုက်တာပါ။ ပိုတဲ့ နှစ်ဆယ်တောင် သူသုံးပစ်လိုက်သေးတယ် မဟုတ် လား။ ကျုပ်သူတစ်ပါးကို ကျေးဇူးတင်ရမှာ မနှောမြောပါဘူး။ မတွန့်တိုပါဘူး။ ဒါပေမဲ့ ဒီကိစ္စမှာတော့ လွန်ပြီဗျာ။ ဟိုနေရာလည်း ဒီမျက် မှန်အကြောင်း၊ ဒီနေရာလည်း ဒီ မျက်မှန်အကြောင်း၊ လူစုမိတိုင်း ဒီအကြောင်းပြောပြောပြသတဲ့ ဗျာ၊ နေရာတကာမှာ ကျုပ်ကြား ကြားနေရတယ်။

ကုန်ကုန်ပြောမယ်။ ကျုပ် အိပ်မက်ထဲမှာတောင် အများရှေ့ မှာ ကျုပ်မျက်မှန်ကို ချွတ်ခိုင်းပြီး သူဝယ်ခဲ့တဲ့အကြောင်း ပြောတယ်ဗျာ။ ကျုပ်အိပ်မက်က လန့်နိုး တယ်၊ ဇောချွေးတွေများတောင် ပြန်တယ်။

အဲ့...အဲ့ဒီနေ့ကတော့ ဘူတာ ရုံက ပြန်လာတဲ့ ကျုပ်တူ သောင်း ရွှေက ကျုပ်ကို တကူးတက၀င် ပြောတယ်။ ‘‘လေးချူး၊ ဒီနေ့ ရထားနဲ့ ဘကြီးသိန်းမိတ်ဆွေ ခြောက်ယောက်ပါတယ်။ တစ် လမ်းလုံးသောက်လာကြတယ်နဲ့ တူတယ်။ ဘူတာရုံမှာ ဘကြီးသိန်းလာကြိုတော့ ဆူညံနေတာပဲ။ အဲ ဒါ ဘကြီးသိန်းက ပြောနေတယ်။ တည်းခိုစရာအခက်အခဲရှိနေရင် ပြောတဲ့၊ သူ့အဖွဲ့ မောင်ချူးဆို တာ ရှိတယ်တဲ့။ အဲ့ဒီမှာ တည်းနိုင်အောင် လိုက်ပြောပေးမယ်တဲ့။ သူလည်း အိမ်ပြောင်းပြီး လိုက် တည်းမယ်ဆိုပဲ၊ ဟိုလူတွေက အင်တင်တင်လုပ်နေတာကို ဘကြီး သိန်းက အားနာစရာမဟုတ်ဘူး တဲ့။ မောင်ချူးဆိုတာက သူ့ကျေး ဇူးအများကြီးရှိပါတယ်တဲ့’’

‘‘အေး...ကိစ္စမရှိဘူး။ လာ ကြပါစေကွာ’’

ကျုပ်အတွက် အန္တရာယ်ရှိ လို့ လာပြောရှာတဲ့ သောင်းရွှေ တောင် အတော်အံ့သြသွားတယ်။ ပြီးတော့ နှုတ်ဆက်ပြီး ထွက်သွား တယ်။ ရထားဆိုက်ပြီးလို့ နှစ်နာရီလောက်ကြာတယ်။ ဘကြီးသိန်း တို့ ပေါ်မလာကြဘူး။ နောက်မှ သိရတာပါ။ အရက်ဆိုင်မှာ ၀င် သောက်နေကြတာတဲ့။ ဘယ် လောက်ကြည်ညိုစရာကောင်းတဲ့ လူတွေလဲ။

ညနေ လေးနာရီလောက်ကျ မှ ဘကြီးသိန်းနဲ့ ဧည့်သည်ခြောက် ယောက်က ကျုပ်အိမ်ရှေ့ကို ရောက်လာကြတယ်။ အတော်မူး နေကြပြီ။ ကျုပ်ကတော့ အိမ်ရှေ့ က ထွက်စောင့်နေတာပါ။

ကျုပ်နဲ့ ဘကြီးသိန်း မျက်နှာ ချင်းလဲ ဆိုင်မိရော ကျုပ်သူဝယ် လာတဲ့ မျက်မှန်ကို တပ်ထားရာ က ချွတ်ပြီး၊ မြေပြီးပေါ်ချပြီး ဖ နောင့်နဲ့ လေးချက်လောက် ပေါက် ပစ်လိုက်တယ်။

ဘကြီးသိန်းတို့ အဖွဲ့ကြက် သေသေနေကြတယ်။

‘‘ကဲ...ဘကြီးသိန်းတွေ့ပြီ မဟုတ်လား။ ခင်ဗျားကို မျက်မှန် ၀ယ်ခိုင်းမိတဲ့အတွက် ကျုပ် တောင်းပန်ပါတယ်။ နောက် လည်း ဘယ်တော့မှ ဘာမှ အ၀ယ် မခိုင်းဝံ့တော့ပါဘူး။ ကျုပ်အိမ် လည်း ဘယ်တော့မှ မလာပါနဲ့ တော့။ ဒါပါပဲ’’။

ကျုပ်စိတ်ကို ချုပ်ပြီး ဒီ လောက်ပဲ ပြောပါတယ်။ စကား လည်းဆုံးရော အိမ်ထဲဝင်ခဲ့ပြီး တံခါးပိတ်ထားလိုက်ပါတယ်။

ဘကြီးသိန်းတို့ တစ်ယောက်တစ်ပေါက် ဘာတွေပြောကြမသိ ဘူး။ ပြောကြပြီး ကျုပ်အိမ်ရှေ့က ထွက်သွားတယ်။

အဲဒါကျုပ်နဲ့ ဘကြီးသိန်းရဲ့ နောက်ဆုံးဆက်ဆံရေးပါပဲ။ ဒါ တောင် မန္တလေးပြန်ရောက်တော့  ပြောနေသေးသတဲ့။

‘‘ဗျာ...မိုးညှင်းက မောင်ချူး ဆိုတဲ့သူ အတော်ဆိုးတယ်။ သူ့ အတွက် စေတနာနဲ့ ၀ယ်ပေးတဲ့ မျက်မှန်ကို သူနဲ့လည်း ကိုက်ရဲ့ သားနဲ့ ဘာစိတ်ပေါက်သွားတယ် မသိပါဘူး။ ရိုက်ခွဲပစ်လိုက်တယ်။ ဒီလူ ရူးသွားပြီထင်တယ်’’တဲ့။

တကယ်တရားရဖို့ ကောင်း ပါတယ်ဗျာ။

ရွှေအမြုတေမဂ္ဂဇင်း၊ ၁၉၈၉ သြဂုတ်လ

(ဒိုင်ယာလော့နှင့် အခြားဝတ္ထုတိုများစာအုပ်မှ)



Sources; 7Day News Journal

No comments:

Post a Comment