Latest News

Sunday, January 8, 2017

ဆီးရီးယားမှ ရုရှတပ်တွေ လျော့ချတော့မယ်

ဆီးရီးယားမှ ရုရှတပ်တွေ လျော့ချတော့မယ်

ဆီးရီးယားစစ်မှာ သမတအာဆဒ်ဘက်ကနေ ကူညီတိုက်ခိုက်ပေးနေတဲ့ ရုရှားစစ်တပ်ကို ပြန်လည်ရုပ်သိမ်းနေပြီး လေယာဉ်တင်သင်္ဘောအုပ်ကို စတင်ရုပ်သိမ်းနေပြီလို့ ရရှားအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

ရုရှားနိုင်ငံနဲ့ တူရကီနိုင်ငံတို့ ဦးဆောင်အကောင်အထည် ဖော်နေတဲ့ ဆီးရီးယားအပစ်အခတ်ရပ်စဲရေးကို အများစုက လိုက်နာမှုရှိခဲ့အပြီး အခုလို ရုရှားတပ်တွေကို စတင်လျော့ချလာတာဖြစ်ပါတယ်။

တာဝန်တွေ ပြီးဆုံးသွားပြီဖြစ်လို့ လေယာဉ်တင်သင်္ဘောအုပ်ကို ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်တယ်လို့ ဆီးရီးယားနိုင်ငံမှာရှိတဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ တပ်မှူးကြီးကပြောဆိုပါတယ်။

 ရုရှားလေတပ်ဟာ ၂၀၁၅ ခုနှစ်ကစလို့ ဆီးရီးယားစစ်ပွဲမှာ စတင်ပါဝင်လာပြီး ဆီးရီးယားသူပုန်တွေကို လေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။ ဒီ့အတွက်သမတ-အာဆဒ်ကို တော်လှန်နေတဲ့ သူပုန်တွေ အတော်အထိနာခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံမြောက်ပိုင်းက သူပုန်တွေရဲ့အမာခံမြို့ကြီးဖြစ်တဲ့ အလစ်ပိုမြို့ကနေ သူပုန်တွေကို အပြတ်တိုက်ထုတ်နိုင်ခဲ့အပြီး ဒီဇင်ဘာလကုန်ပိုင်းမှာ တပ်တွေကို ပြန်ရုပ်သိမ်းဖို့ သမတပူတင်က ညွန်ကြားခဲ့တာပါ။

ဆီးရီးယားငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရုရှား၊ တူရကီနဲ့ အီရန်တို့ ဦးဆောင်ဖော်ဆောင်နေကြပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတခုကိုလည်း အခုလထဲ ကာဇက်စတန်နိုင်ငံမှာ ကျင်းပဖို့ရှိကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

Sources & Photo - ရိုက်တာ/DVB

No comments:

Post a Comment