Latest News

Sunday, January 8, 2017

City FMမှာ ဆုရခဲ့တဲ့ မိစန္ဒီ

City FMမှာ ဆုရခဲ့တဲ့ မိစန္ဒီ

ရောင်းအားအကောင်းဆုံး စတူဒီယို တေးစီးရီး သီဆိုသူအမျိုးသမီးတေးသံရှင်ဆု ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

လူငယ်အဆိုတော်မိစန္ဒီက ဇန်နဝါရီ(၇)ရက်နေ့က ကျင်းပတဲ့ City FM ရဲ့(၁၅)ပြည့် အထိမ်းအမှတ်ဂီတဆုပေးပွဲမှာ ဆုရရှိခဲ့ပါတယ်။ မိစန္ဒီ ရရှိခဲ့တဲ့ ဆုကတော့ ရောင်းအားအကောင်းဆုံး စတီရီယိုတေးစီးရီး သီဆိုသူအမျိုးသမီးတေးသံရှင်ဆု ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆုရရှိခဲ့တဲ့အတွက် မိစန္ဒီကတော့ ပျော်လို့နေပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှု ကြောင့် ဆုရရှိခဲ့တာ ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ယခုလို ပြောပြထားပါတယ်။

"မ​နေ့ညက City Fm မှာ ပစ်​တိုင်း​ထောင်​ Album နဲ့ ​ရောင်းအားအ​ကောင်းဆုံး အမျိုးသမီး စတူဒီယို Album ဆုရတဲ့ အတွက်​ အရမ်းကို ဝမ်းသာမိပါတယ် ဒါဟာပရိတ်​သတ်​ကြီး​ကြောင့်​ ရတဲ့ဆုပါ။ ပရိတ်​သတ်​ကြီးကို အရမ်း အရမ်း​ကိုကျေးဇူးတင်​ပါတယ်​.. ကျေးဇူးတင်​ပါတယ်​ဆိုတာထက်​ ပို​လေးနက်​ ပိုကြီးမြတ်​တဲ့ စကားရှိရင်​ ​ပြောချင်​ပါတယ်​.. အားလုံးအတွက်​ မိစန္ဒီ ဒီ့ထက်​ပိုပြီးကြိုးစားပါမယ်​ နော်​.. ​ကျေးဇူးတင်​ထိုက်​သူ အားလုံးကို လည်း ​ကျေးဇူးအများကြီးတင်​ပါတယ်​"လို့ သူမက ဆိုပါတယ်။

မိစန္ဒီဟာ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး "မိုနိုပိုလီ" စီးရီးခွေနဲ့ " ပစ်တိုင်းထောင်" အခွေတွေ ထွက်ရှိထားတဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။ သီချင်းစာသားအမိုက်စားတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီက My Boo တံဆိပ်နဲ့ ကိုယ်ပိုင်အင်္ကျီလေးတွေကိုလည်း ထုတ်လုပ်ထားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ အတွဲခွေတွေ များစွာမှာ ပါဝင်သီဆိုထားသူ မိစန္ဒီက လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေသလို သီချင်းတွေလည်း ရေးဖြစ်နေတယ်လို့ သိရပါတယ်။

မိစန္ဒီရဲ့ "ပစ်တိုင်ထောင်" သီချင်း

Sources & Photo : မိစန္ဒီဖေ့စ်ဘွတ် Duwun

No comments:

Post a Comment