Latest News

Sunday, January 8, 2017

နယူးယောက်မှာ ဆီးနှင်းထူထပ်စွာ ကျဆင်း

နယူးယောက်မှာ ဆီးနှင်းထူထပ်စွာ ကျဆင်း

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ စနေနေ့အစောပိုင်းကစလို့ ဆီးနှင်းထူထပ်စွာကျဆင်းခဲ့ပြီး တစ်ချို့နေရာတွေမှာ ၃၀-စင်တီမီတာကျော်လောက်အထိ ဆီးနှင်းထု စုပုံနေတယ်လို့ သိရပါတယ်။

ဆီးနှင်းတွေဟာ ၁၀-နာရီလောက်ကြာအောင် အဆက်မပြတ်ကျဆင်းခဲ့ပြီး အပူချိန်ကည်း ရေခဲမှတ်အောက် အနှုတ် ၁၀ ဒီဂရီစဲလ်ဆီးယပ်စ်အထိ ကျဆင်းခဲ့ပါတယ်။

တစ်ချို့နေရာတွေမှာ အခြေအနေပိုဆိုးနိင်ကြောင်း  နယူးယောက်မြို့အာဏာပိုင်တွေက သတိပေးနိုးဆော်ထားပါတယ်။

 ဒါပေမဲ့ အလုပ်သမားတွေက ဆီးနှင်းတွေကို အဆက်မပြတ်ရှင်းလင်းနေတာကြောင့် လမ်းမတွေပေါ်မှာ ထူးထူးခြားခြား ယဉ်ကျောပိတ်ဆို့တာမျိုးတော့ မရှိကြောင်း ဒီကနေ့ရရှိတဲ့ ရိုက်တာသတင်းအရ သိရပါတယ်။

Sources & Photo - ရိုက်တာ/DVB

No comments:

Post a Comment