Latest News

Thursday, January 5, 2017

စတင်ပြေးဆွဲမယ့် အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်ပထမအဆင့်မှာ မူလကားတွေနဲ့သာ ကနဦး ပြေးဆွဲဦးမယ်

စတင်ပြေးဆွဲမယ့် အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်ပထမအဆင့်မှာ မူလကားတွေနဲ့သာ ကနဦး ပြေးဆွဲဦးမယ်

ဇန်န၀ါရီလ (၁၅) ရက်မှာ စတင်ပြေးဆွဲမယ့် အများပိုင်သယ်ယူ ပို့ဆောင်ရေးစနစ်ပထမအဆင့်မှာ အချက် (၂) ချက်သာ ပြောင်းလဲ မှာဖြစ်ပြီး ပြေးဆွဲနေတဲ့ကားတွေကတော့ မူလအတိုင်းရှိနေဦးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၊ Operation Team အဖွဲ့ဝင် ကိုတရုတ်လေးက 5plus ကိုပြောပါတယ်။

အဲဒီ ပြောင်းလဲလိုက်တဲ့အချက် (၂) ချက်ကတော့ မထသစီမံအုပ်ချုပ်မှုမရှိတော့တဲ့အချက်နဲ့ ပြိုင်မောင်းလုမောင်းတွေ မရှိတော့မယ့်အချက်တို့ ဖြစ်တယ်လို့ သူကပြောပါတယ်။

မထသစီမံအုပ်ချုပ်တဲ့ စနစ်ကနေ ယာဉ်ပိုင်ရှင်တွေ စီမံအုပ်ချုပ်တဲ့ စနစ်ကို ပြောင်းလဲပြီး ယာဉ်ပိုင်ရှင်တွေရဲ့ အပေါ်မှာ YRTA က ကွပ်ကဲမှာဖြစ်ကာ ပြိုင်မောင်း လုမောင်းမဖြစ်တော့အောင် ခရီးစဉ်လမ်းကြောင်းတစ်ခုမှာ လိုင်း နံပါတ် (၁)ခု သာထားရှိပြေးဆွဲတော့မှာလည်းဖြစ်ပါတယ်။

စတင်ပြေးဆွဲမယ့်ရက်မှာ ယာဉ်တံဆိပ်တွေကို ပြောင်းလဲမှာ ဖြစ်ပြီး YRTA စာတန်းနဲ့ ယာဉ်လမ်းကြောင်း နံပါတ်တို့ကို တပ်ဆင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယအဆင့်မှာတော့ စတင်တဲ့နေ့ကနေ ၃ လအတွင်း အစိုးရက ယာဉ်အသစ်ဝယ်ယူ အစားထိုးပေးမှာဖြစ်သလို GPS ၊ CCTV ၊ ယာဉ်စီးခ ငွေပေးကတ်စနစ်တွေနဲ့ ဘတ်စ်ကားမှတ်တိုင်တွေကို စနစ်ကျအောင် ဆောင်ရွက် မှာဖြစ်တယ်လို့ ကိုတရုတ်လေးက ပြောပါတယ်။

လက်ရှိမှာ အများပိုင် သယ်ယူပို့ဆောင်ရေးစနစ် စတင်ဖို့ ကုမ္ပဏီ ၈ ခုဖွဲ့စည်းထားပြီး ပြေးဆွဲဖို့ လျာထားတဲ့ ခရီးစဉ်လမ်းကြောင်း ၅၇ ခုကိုလည်း အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။

Sources; 5plus

No comments:

Post a Comment