Latest News

Saturday, January 7, 2017

(၂၅)ကြိမ်မြောက် လားဟူရိုးရာယဉ်ကျေးမှုစုပေါင်းနှစ်သစ်ကူးပွဲတော်ပြုလုပ်

(၂၅)ကြိမ်မြောက် လားဟူရိုးရာယဉ်ကျေးမှုစုပေါင်းနှစ်သစ်ကူးပွဲတော်ပြုလုပ်

နေပြည်တော် ဇန်န၀ါရီ ၇

(၂၅)ကြိမ်မြောက် လားဟူရိုးရာယဉ်ကျေးမှုစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့၊ အားကစားကွင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လားဟူတိုင်းရင်းသား ခေါင်းဆောင်များ၊ ဖိတ်ကြားထားသူ များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ လားဟူရိုးရာယဉ်ကျေးမှုစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဖွင့်လှစ်ပေးကာ လားဟူရိုးရာ လက်ဆေးမင်္ဂလာယူခြင်းများ ဆောင်ရွက်ကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူတစ်ဦးက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။


ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက နှစ်သစ်ကူးပွဲတော်ကျင်းပရေးအတွက် အလှူငွေနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Sources; တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment