ချားရဟတ်ယဉ်စီးနေစဉ် ရုတ်တရက်စက်ချို့ယွင်း
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း Knott's Berry Farm ပန်းခြံမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က အပျော်တမ်း ချားရဟတ်ယဉ်စီးနေစဉ် ရုတ်တရက်စက်ချို့ယွင်းတာကြောင့် လူ ၂၀ လောက် လေထုထဲမှာ နာရီပေါင်းအတော်ကြာကြာ ပိတ်မိနေခဲ့ပါတယ်။
ကြီးမားတဲ့ ချားရဟတ်ယဉ်ထဲက အလုံပိတ် အခန်းလေးတွေထဲမှာ ထိုင်စီးနေတဲ့ လူ ၂၀ လောက်ဟာ ၁၂၅ ပေ အမြင့်ရှိတဲ့ လေထုထဲမှာ နာရီပေါင်းအတော်ကြာ တန်းလန်းပိတ်မိနေခဲ့တာဖြစ်ပါတယ်။
အဲဒီ့နောက် မီး သတ်တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ခဲ့ပါတယ်။
လူ ၂၀-လုံး ဘေးအန္တရာယ်မရှိဘဲ မြေပေါ်ကို ဆင်းသက်နိုင်ခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်ေ တွဟာ ၁၂၅ ပေအမြင့်က အလုံခန်းလေးတွေထဲ ပိတ်မိနေသူတွေကို တစ်ချိန်လုံး ဖုန်းနဲ့ဆက်သွယ်နေခဲ့ပါတယ်။
အဲဒီ့နောက် ချားရဟတ်ယဉ်ပေါ် လှေကားတွေနဲ့ေ ထာင်တက်ပြီး ကယ်ဆယ်ခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
Sources; Aye Aye Mon DVB Journalist
Subscribe to:
Post Comments (Atom)
No comments:
Post a Comment