Latest News

Saturday, January 7, 2017

မိန်းကလေးမွေးရင် အပင် ၁၁၁ စိုက်ရတဲ့ အိန္ဒိယ ရွာလေး


အိန္ဒိယနိုင်ငံ က ရွာလေးတစ်ရွာ ဟာ ထူးဆန်းတဲ့ ရွာလေးတစ်ရွာလို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရာဂျစ်စတန်ပြည်နယ်   က Piplantri   ရွာလေး မှာ မိန်း ကလေးတစ်ဦး မွေးတိုင်း  ရွာ ကလူတွေ ဟာ စုရုံးပြီး အပင် ၁၁၁ ပင် စိုက်ရတယ်လို့ သိရပါတယ်။

 ရွာ သူကြီးဟောင်း Sundar Paliwal သေဆုံးပြီးနောက်ပိုင်းတည်းက ရွာ ကို ကာကွယ်ဖို့ နဲ့ ရွာသားအချင်းချင်းအပြန်လှန်လေးစားမှု တွေရှိအောင် အ ခုလိုမျိုးလုပ်ဆောင်တာဖြစ်တယ်။
အဲဒီအမျိုးသမီး အရွယ်ရောက်လာပြီဆိုလည်း ရွာကလူတွေက စုပြီး ရူပီး ၂၁၀၀၀ လူဒါန်းပေးတယ်လို့ သိရပါတယ်။ အဲဒီစိုက်ခဲ့တဲ့အပင်တွေ ဟာ  ရွာ မှာရှိတဲ့ လူပေါင်း ၈၀၀၀ ရဲ စီးပွားရေး ဖွံဖြိုးမှု နဲ့  အသုံးဝင်တာတွေများစွာဖြစ်စေတယ်လိုဆိုပါတယ်။
 အခုအချိန်အထိ ရွာမှာ စိုက်ထားတဲ့အပင်အရေအတွက် ဟာ ၂၅၀၀၀၀၀ ရှိနေပြီး ၂၀၀၆ ခုနှစ်တည်း က စိုက်ထားတာဖြစ်ပါတယ်။ စိုက်တဲ့အပင်တွေ ဟာ စီးပွားရေးဖြစ်နိုင်ဖွယ်ရှိတဲ့ သရက်သီး  ၊ သစ်မာပင်အပါဝင် အပင်မျိုးစုံ စိုက်တာဖြစ်ပြီးအဲဒီ အပင်တွေ ကြီးလာချိန်မှာ ရွာအတွက်များစွာအသုံးဝင်စေတယ်လို ဆိုပါတယ်။
ref  vtv  ဇက်အမ်အို (တိုင်းဧရာ) ဘာသာပြန်သည်။

No comments:

Post a Comment