Saturday, January 7, 2017
ဘရာဇီး အကျဉ်းထောင်ထဲ အကြမ်းဖက်မှုထပ်ဖြစ် ၃၃ ဦးသေဆုံး
ဘရာဇီးနိုင်ငံ မြောက်ပိုင်း အကျဉ်းထောင်တစ်ခုမှာ ထောင်တွင်း အကြမ်းဖက်မှု ထပ်မံဖြစ်ခဲ့လို့ အကျဉ်းသား ၃၃ ဦးသေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဘရာဇီး Manaus, အကျဉ်းထောင် တစ်ခုမှာ လူပေါင်း ၅၆ ဦးသေဆုံးစေခဲ့တဲ့ ထောင်တွင်း အကြမ်းဖက်မှု ပြီး ရက်ပိုင်းအကြာမှာ ထပ်မံဖြစ်ခဲ့တာပါ၊
ဘရာဇီးနိုင်ငံ မြောက်ပိုင်း Monte Cristo Rural Penitentiary အကျဉ်းထောင်ထဲမှာထောင် အတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး မှုးယစ်ဆေးဝါး ဂိုဏ်းဝင်အချင်းချင်း တိုက်ခိုက်မှုဖြစ်ခဲ့တာလို့ ဘရာဇီး တရာရေး အရာရှိ ကက်စထရိုက ပြောပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ရတာ ဟာ မူးယစ်ဆေးဝါးဂိုဏ်းအချင်းချင်းထောင်အတွင်း နယ်မြေ၊ အာဏာထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းရာကနေ တိုက်ခိုက်မှုတွေဖြစ်ခဲ့တာလို့ ထောင်အရာရှိတွေကပြောပါတယ်။ လက်ရှိအချိန်မှာထောင်အတွင်းအခြေနေကို ပုံမှန်အတိုင်းထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
အခုထောင်တွင်း အကြမ်းဖက်တိုက်ခိုက်မှု ဟာ တနင်္ဂနွေနေ့ က ဖြစ်ခဲ့တဲ့ Manaus, ထောင်အကြမ်းဖက်မှု နဲ့ ဆက်စပ်မှု ရှိ မရှိဆိုတာကို မသိရသေးဘူးလို့ ဘရာဇီးထောင်အာဏာပိုင်တွေကပြောပါတယ်။
Ref bbc ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်။
ဘရာဇီး အကျဉ်းထောင်ထဲ အကြမ်းဖက်မှုထပ်ဖြစ် ၃၃ ဦးသေဆုံး
Reviewed by timeayeyar
on
4:25 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment