Latest News

Monday, January 2, 2017

ဘ၀အတွက် စွန့်စားကြသူများ-စီးပွားရေးကြပ်တည်းတဲ့ အာဖရိကတိုက်သားတွေ ဥရောပကို ခိုးဝင်ဖို့ကြိုးစားနေဆဲ

ဘ၀အတွက် စွန့်စားကြသူများ-စီးပွားရေးကြပ်တည်းတဲ့ အာဖရိကတိုက်သားတွေ ဥရောပကို ခိုးဝင်ဖို့ကြိုးစားနေဆဲ

အာဖရိကမြောက်ပိုင်းက စပိန်ပိုင် စီယူတာမြို့ နယ်စပ်စည်းရိုးကို တနင်္ဂနွေနေ့က အာဖရိကရွေ့ပြောင်းဒုက္ခသည်  ၁၁၀၀ လောက် အုပ်စုဖွဲ့ ကျော်ဖြတ်ဝင်ရောက်ဖို့ကြိုးစားကြပြီး စပိန်နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့  ပဋိပက္ခတွေ ဖြစ်ခဲ့ကြပါတယ်။

 ပဋိပက္ခအတွင်း မော်ရိုကိုနိုင်ငံသား ၅၅ ယောက်နဲ့ စပိန်လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရခဲ့ကြပါတယ်။

 အဲ့ဒီ စီယူတာမြို့ဟာ အာဖရိကတိုက်မှာတည်ရှိတဲ့ စပိန်ပိုင်မြို့တမြို့ဖြစ်တဲ့အတွက် အဲ့ဒီမြို့ထဲ ၀င်ရောက်နိုင်တာနဲ့ စပိန်နိုင်ငံ၊ ဥရောပနိုင်ငံတွေကို သွားရောက်ဖို့ လွယ်ကူပါတယ်။

ပြီးခဲ့တဲ့လက အာဖရိကရွေ့ပြောင်း ဒုက္ခသည် ၄၀၀ ကျော်ဟာ အခုလိုပဲ စီယူတာမြို့နယ်စပ်စည်းရိုးကို ကျော်ဖြတ်ပြီး ၀င်ရောက်နိုင်ခဲ့ကြတဲ့အတွက် အခုလည်း နှစ်သစ်ကူးရက်မှာ ထပ်ပြီး အုပ်စုဖွဲ့ ကြိုးစားခဲ့ကြတာပါ။

ဆာဟာရအောက်ပိုင်းနိုင်ငံတွေက အာဖရိကဒုက္ခသည်တွေဟာ ပြည်တွင်းစစ်ဒဏ်၊ ဆင်းရဲကျပ်တည်းတဲ့ဒဏ်တွေကြောင့် အခုလို မော်ရိုကိုနိုင်ငံကနေတဆင့် စပိန်ပိုင်မြို့တွေဖြစ်တဲ့ စီယူတာမြို့နဲ့ မလီလ်လာ Melilla မြို့တွေကို ၀င်ရောက်ပြီး ဥရောပထဲကို ၀င်ရောက်ဖို့ ကြိုးစားကြတာလည်းဖြစ်ပါတယ်။

 ဒါပေမယ့် အများစုကတော့ ဖမ်းဆီးခံရပြီး မော်ရိုကိုနိုင်ငံကို ပြန်ပို့ခံကြရပါတယ်။

အခု နှစ်သစ်ကူးရက်မှာ ကြိုးစားမှုကတော့ အတော်လေးဆိုးရွားပြီး ကြမ်းတယ်လို့ စီယူတာမြို့က စပိန်အစိုးရကိုယ်စားလှယ်ကပြောဆိုပါတယ်။

Sources; Aye Aye Mon DVB journalist

No comments:

Post a Comment