Latest News

Monday, January 2, 2017

စီးပွားရေးနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များ၊ စိန်ခေါ်မှုများကို ၀န်ကြီးဌာနများက ပုံမှန်ရှင်းပြမည်

စီးပွားရေးနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များ၊ စိန်ခေါ်မှုများကို ၀န်ကြီးဌာနများက ပုံမှန်ရှင်းပြမည်

စီးပွားရေးနှင့်သက်ဆိုင် သည့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန တို့အပါအ၀င် အစိုးရ၀န်ကြီးဌာန များ ကြုံတွေ့နေရသည့် စိန်ခေါ်မှု များနှင့်ကြိုးပမ်းမှုများကို ပြည်သူ များ သိရှိနိုင်ရန် ယခုလကစ၍ သက်ဆိုင်ရာဝန်ကြီးဌာနများက ရှင်းပြမည်ဟု နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

‘‘ဒီလအတွင်းမှာ သက်ဆိုင် ရာဝန်ကြီးဌာနက မိမိတို့ရဲ့ ၀န် ကြီးဌာနတွေ ဘယ်လိုကြိုးပမ်းနေ တယ်၊ စီးပွားရေးနဲ့အဓိကပတ် သက်နေတဲ့ ၀န်ကြီးဌာနဆိုရင် ဥပမာ စီးပွားကူးသန်းတို့၊ စီမံ ဘဏ္ဍာတို့လို ၀န်ကြီးဌာနတွေက စီးပွားရေးနဲ့ အဓိက ပတ်သက်နေ တယ်။ တခြားဝန်ကြီးဌာနတွေက လည်း ပတ်သက်တာရှိပါတယ်။ ဥပမာ စိုက်ပျိုးရေးလိုပေါ့။ စိုက် ပျိုးမွေးမြူရေးဆိုရင် စီးပွားရေးနဲ့ အများကြီး သက်ဆိုင်တယ်။ နောက်ပြီးတော့ ၀န်ကြီးဌာနတွေ က ဌာနအလိုက် ဌာနအလိုက် ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် နေရတယ်၊ ဒါတွေကို ကျော်လွှား ဖို့ဘယ်လိုပုံစံနဲ့ လုပ်သွားမယ်ဆို တဲ့ အစီအစဉ်တွေကို နှစ်ဦးပိုင်းမှာ တစ်လှည့်စီ အများပြည်သူသိ အောင် ရှင်းပြသွားမှာဖြစ်ပါတယ်’’ ဟု နေပြည်တော်ရှိ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC) ၌ ပြုလုပ် သော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် လူငယ်များ၏ ငြိမ်းချမ်း ရေးစကားဝိုင်းတွင် ပြောကြားခဲ့ သည်။

အများပြည်သူကို ရှင်းပြရာ တွင်လည်း လူအများသိရှိနိုင်သည့် စကားလုံးများနှင့်သာ ရှင်းပြမည် ဖြစ်ပြီး ပညာရှင်များရှင်းပြသကဲ့ သို့မဟုတ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။ မြန်မာ နိုင်ငံ၏ စီးပွားရေးသည် ကျယ် ပြန့်သဖြင့် အလုပ်တစ်ခုတည်းဖြင့် ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ အ လုပ်များစွာ လုပ်ကိုင်ရန် လိုအပ် ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

နိုင်ငံတော်၏ စီးပွားရေးကို ပြန်လည်ကောင်းမွန်လာအောင် နှစ်သစ်တွင် မည်ကဲ့သို့ ဆောင်ရွက်ရန်ရှိပါသလဲဟု ငြိမ်းချမ်းရေးစကားဝိုင်းတွင် အွန်လိုင်းမှတစ်ဆင့် အောင်ထိုက်အမည်ရှိ ဖေ့စ်ဘွတ်ခ်သုံးစွဲသော လူငယ်၏ မေးမြန်းမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး အ ခြေအနေ ပြန်လည်ကောင်းမွန် လာရေးသည် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် အခွန်လျှော့ပေးမှုများ၊ ရန်ကုန် မြို့သစ်ကဲ့သို့ အစိုးရက ဦးဆောင်သည့် စီမံကိန်းလုပ်ငန်း များ အကောင်အထည်ဖော်ပေး ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြော သည်။

ထို့အပြင် လက်တွေ့ကျပြီး အမှန်တကယ်လုပ်ကိုင်နိုင်မည့် ပို့ ကုန်မြှင့်တင်ရေးအစီအစဉ်၊ စီး ပွားရေးနှင့် သက်ဆိုင်သည့် မူဝါဒ များ  တည်ငြိမ်ရေး၊  မြေဈေးနှုန်း ကြီးမြင့်မှု လျှော့ချနိုင်ရေးနှင့် အစိုးရ၏ ကြိုးနီစနစ်ပိုမိုဖြေလျှော့ ပေးရန် လိုအပ်ကြောင်း အထက် ပါပုဂ္ဂိုလ်က ဆိုသည်။

ထို့အပြင် ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးရေး မူဝါဒကိုလည်း စနစ်တကျ ပြန် လည်စိစစ်ရန် လိုအပ်သည်ဟု ဒေါက်တာ စိုးထွန်းက အကြံပြု သည်။

Sources ; 7 Day

No comments:

Post a Comment