Latest News

Monday, January 2, 2017

အင်ဒိုနီးရှား အပျော်စီးလှေပေါ်မီးလောင်မှု သေဆုံးသူ ၂၃ ဦးအထိ တိုးလာ

အင်ဒိုနီးရှား အပျော်စီးလှေပေါ်မီးလောင်မှု သေဆုံးသူ ၂၃ ဦးအထိ တိုးလာ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မြောက်ဘက်က ကျွန်းတွေဆီလည်ပတ်တဲ့ အပျော်စီးစက်လှေပေါ်မှာ တနင်္ဂနွေနေ့က မီးလောင်မှုဖြစ်ပွားရာမှာ သေဆုံးသူ ၂၃ ဦးအထိရှိလာပါတယ်။

ခရီးသည် ၁၉၄ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁၇ ဦး ပျောက်ဆုံးနေဆဲလို့ အာဏာပိုင်တွေကပြောဆိုပါတယ်။

ခရီးသည် ၂၃၀ ကျော်ပါတဲ့ အဲဒီစက်လှေ ကမ်းကခွာပြီး တကီလိုမီတာခွဲလောက်အရောက်မှာ မီးစလောင်ခဲ့တာဖြစ်ပါတယ်။

ဇာရို Zahro Express လို့အမည်ပေးထားတဲ့ အဲ့ဒီစက်လှေဟာ ဂျကာတာမြို့တော် ဆိပ်ကမ်းတခုက ထွက်ခွာခဲ့ပြီး ၁၅ မိနစ်အကြာမှာ မီးလောင်ခဲ့တာလို့ ခရီးသည်တဦးကပြောဆိုပါတယ်။

 လှေပေါ်မှာရှိတဲ့ မီးစက်ကနေ ရှော့ဖြစ်ပြီး မီးထလောင်ခဲ့တာဖြစ်ပါတယ်။

 အဲဒီစက်လှေဟာ စီးနှင်းခွင့်ပြုတဲ့ ခရီးသည်အရေအတွက်ရဲ့ ၂ ဆ တင်ဆောင်ခဲ့တယ်လို့လည်း အရေးပေါ်ကယ်ဆယ်ရေးအေဂျင်စီပြောခွင့်ရပုဂ္ဂိုလ်ကပြောဆိုပါတယ်။

ကျွန်းပေါင်းများစွာ ၀န်းရံနေတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အခုလိုစက်လှေတွေဟာ အဓိကသယ်ယူပို့ဆောင်ရေးစနစ်တခုဖြစ်ပါတယ်။

ခရီးသည်မတန်တဆတင်ဆောင်မှု၊ အသက်ကယ်အကျီင်္မလုံလောက်မှုတွေကြောင့် ရေကြောင်းမတော်တဆမှုတွေလည်း မကြာခဏဖြစ်လေ့ရှိပါတယ်။

Sources; Aye Aye Mon DVB journalist

No comments:

Post a Comment