Latest News

Tuesday, January 10, 2017

မောင်တောဒေသသတင်းများ

မောင်တောဒေသသတင်းများ

ဇန်နဝါရီ ၁၀၊ ၂၀၁၇

ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဝါဒဖြန့် အင်တာနက်စာမျက်နှာ အချို့တွင် မဟုတ်မမှန် သတင်းများ ထုတ်လွှင့်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဂေါ်ဒူသာရ(တောင်ရွာ) အတွင်းသို့ တပ်မတော်သားများ ၀င်ရောက် ၍ ရွာသားများအား ရိုက်နှက်ခြင်း၊ လိင်အကြမ်းဖက်ခြင်းနှင့် လုယက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ယမန်နေ့က ဝါဒဖြန့်အင်တာနက်စာမျက်နှာအချို့တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ဇန်န၀ါရီ ၇ ရက် ညနေ ၄ နာရီခန့်က ဂေါ်ဒူသာရ (တောင်ရွာ) အတွင်းသို့ တပ်မတော်သားများ ၀င်ရောက်လာပြီး ရွာသားများအား ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ လိင်အကြမ်းဖက်ခြင်းနှင့် လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဇန်န၀ါရ်ီ ၈ ရက် နေ့ တွင် ရဲတပ်ဖွဲ့ဝင်များ ရွာထဲသို့ ရောက်ရှိလာပြီး ရိုက်နှက်ခံရသူများ စာရင်းကို ရယူသွားကြောင်း၊ ညနေပိုင်းတွင် တပ်မတော် မှ တပ်မှူးတစ်ဦးရောက်ရှိလာပြီး ရိုက်နှက်ခံ ရသူများအား ခေါ်ဆောင် ၍ ဆေးကုသပေးခဲ့ကြောင်း ဝါဒဖြန့်အင်တာနက်စာမျက်နှာများ တွင် ဖော်ပြခဲ့သည်။

တပ်မတော်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်န၀ါရီ ၉ ရက် နံနက် ၁၀ နာရီတွင် ဂေါ်ဒူသာရကျေးရွာ သို့သွားရောက်ပြီး ရွာသူ၊ ရွာသားများနှင့်တွေ့ဆုံ၍ အဆိုပါသတင်း မှန်ကန်မှု ရှိ၊ မရှိ စုံစမ်း စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါသတင်းမှာ မှန်ကန်မှု မရှိဘဲ လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း၊ ဂေါ်ဒူသာရကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင့်အောင်၊ ကျေးရွာတာဝန်ခံ ဆွေယောတူဆောင်၊ ရပ်မိရပ်ဖ အဏ္ဏဝါ၊ ရာအိမ်မှူး လာလူ၊ ဆယ်အိမ်မှူး အဒူဇော်တိန်း၊ မော်လဝီ ရော်ဘီအာမက် တို့ကလည်း မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

---------------------------------------------------------------------

ရန်ကုန်မြို့အခြေစိုက် အမေရိကန်၊ ယူကေ၊ သြစတေးလျသံရုံးနှင့် ECHO တို့မှ သံတမန် ၄ ဦး မောင်တောခရိုင်သို့ ရောက်ရှိ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ရန်ကုန်မြို့အခြေစိုက် အမေရိကန်၊ ယူကေ၊ သြစတေးလျသံရုံးနှင့် ECHO တို့မှ သံတမန် ၄ ဦး ပါဝင်သည့် အဖွဲ့သည် ဇန်နဝါရီ ၉ ရက် မွန်းတည့် ၁၂ နာရှိအချိန်တွင် မောင်တောမြို့သို့ ရောက်ရှိခဲ့ပြီး မောင်တောခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့အား ၁၂ ၃၀ အချိန်တွင် တွေ့ဆုံခဲ့သည်။

သံတမန်အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည့်နေရာ များကို မျှမျှတတဖြစ် အောင် ဆောင်ရွက်ပေး မည်ဖြစ်ကာ မောင်တောခရိုင်အတွင်းရှိ ရွှေရင်အေး၊ အလယ် သံကျော်၊ မြင်းလွှတ်၊ အင်းဒင်၊ ကျီးကန်ပြင်၊ ကြက်ရိုးပြင်၊ ကြိမ်ချောင်း၊ ရေခပ်ချောင်းခွဆုံ၊ မျောတောင်၊ ကျားခေါင်းတောင်၊ ပွင့်ဖြူချောင်း နှင့် ဒါးကြီးစားကျေးရွာများသို့ ကွင်းဆင်း လေ့လာသွား မည်ဖြစ်ကြောင်း သိရှိရသည်။

Sources; State Counsellor Office Information Committee

No comments:

Post a Comment