Tuesday, January 10, 2017
အကျင့်ပျက်ခြစားသူ ၁.၂ သန်း ကိုတရုတ်အစိုးရအပြစ်ပေး
အကျင့်ပျက်ခြစားသူ ၁.၂ သန်း ကိုတရုတ်အစိုးရအပြစ်ပေး တဲ့ သတင်းကိုတင်ဆက်ပေးပါမယ်။
တရုတ်နိုင်ငံရဲ့အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အစီစဉ်အတွင်း လူ ၁ . ၂ သန်းကို အပြစ်ပေးနိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံ အစိုးရအဖွဲ့ အကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။
အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးအစီစဉ် အစိတ်အပိုင်းအဖြစ် ပြည်ပကိုထွက်ပြေးနေသူ ၂၆၀၀ ဦးကို နိုင်ငံဆီပြန်ခေါ်ဆောင်နိုင်ခဲ့ပြီး ငွေကြေး ယွမ် ၈ ဒသမ ၆ ဘီလီယံ ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ တရုတ် စည်းကမ်းထိန်းသိမ်းရေး ဗဟိုကော်မရှင် ကပြောပါတယ်။
တရုတ် စည်းကမ်းထိန်းသိမ်းရေး ဗဟိုကော်မရှင် အကြီးတန်းအရာရှိ လူအို ဒေါင်ချန်က အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အစီစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
စပိန်၊ အီတလီ၊ ပြင်သစ်နိုင်ငံတွေ အပါဝင် နိုင်ငံပေါင်း ၄၈ နိုင်ငံ ဆီထွက်ပြေးနေသူတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလက နိုင်ငံဆီ ပြန်လည်ခေါ်ဆောင် ဖမ်းဆီးနိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံ ကပြောပါတယ်။
၂၀၁၆ ခုနှစ် အတွင်း အကျင့်ပျက်ခြစားမှု နဲ့ ပက်သက်ပြီး ကိုယ်တိုင်ဝန်ခံမှု ၅၇၀၀၀ မှု ရှိခဲ့တယ်လို့ အကျင့်ပျက်ခြားမှု တိုက်ဖျက်ရေး ဗဟိုကော်မရှင် အကြီးတန်းအရာရှိက ပြောပါတယ်။
၂၀၁၆ ခုနှစ်အတွင်း အကျင့်ပျက်လဘ်စားမှုတွေထဲက အစိုးရတာဝန်ရှိသူ ၄၁၀၀၀၀ ဦး အပြစ်ပေးခံရပြီး ၀န်ကြီး နဲ့ အဆင့်တန်းတူသူဦးရေ ၇၆ ဦး ပါဝင်ခဲ့တယ်လို့ တရုတ်နိုင်ငံ ပိုင်သတင်းစာ ကဖော်ပြခဲ့ပါတယ်။
Ref china news ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်။
အကျင့်ပျက်ခြစားသူ ၁.၂ သန်း ကိုတရုတ်အစိုးရအပြစ်ပေး
Reviewed by timeayeyar
on
6:15 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment