Latest News

Tuesday, January 10, 2017

ရင်သွေးနှစ်ဦးရဲ့ တစ်နေ့တာ မိခင်ဘဝကို ပြောပြတဲ့ သက်မွန်မြင့်

ရင်သွေးနှစ်ဦးရဲ့ တစ်နေ့တာ မိခင်ဘဝကို ပြောပြတဲ့ သက်မွန်မြင့်

ပြီးခဲ့သည့် ဒီဇင်ဘာအ တွင်းက ဒုတိယရင်သွေးမွေးဖွားခဲ့ သည့် သက်မွန်မြင့်က ကလေးနှစ် ဦး၏ မိခင်ဘဝအတွေ့အကြုံကို ၎င်း၏ Fan Page စာမျက်နှာမှ တစ်ဆင့် ဇန်နဝါရီ ၈ ရက်တွင် ရေးသားမျှဝေခဲ့သည်။

‘‘ကလေးနှစ်ယောက်အမေ ဘဝ၊ နှစ်ယောက်စလုံး တစ်ပြိုင် တည်းနိုးလာသောအခါ အိပ်ရေး မဝလို့ အမေကိုပြန်သိပ်စေချင် သောသားနဲ့ နို့ဆာနေသော သမီး ကြားက ပရိသတ်တို့ချစ်သော ရွှေ မင်းသမီးရဲ့ဘဝ။ နို့ပေးမတိုက်ဘဲ အမေပေါ် အတင်းကုပ်တက်နေ သော သားတော်မောင် ဓာတ်ပုံ ရိုက်မယ်ဆိုတော့ ငြိမ်သွားတုန်း အိပ်ရာပေါ်တင် (ပိုးကမသေး ဘူး.. သူငြိမ်အောင် ဒါလေးအသုံးချရတာ) မီးတွင်း ၄၅ ရက်ကို အလေးအပင် မမရဘူးတဲ့လေ။ သားတော်မောင်က အဖေမရှိချိန်ဆိုအမေကို တွယ်ကပ်ကုပ်တက်နေ လေတော့ ဖြစ်ချင်တာဖြစ်ခါမှ ဖြစ် ရော သူစိတ်ချမ်းသာဖို့ အရေးကြီး တယ်လေနော (မဆူကြနဲ့နော်)။ အဖေကလည်း အလုပ်မသွားလို့ မှ မရတာ။ အလုပ်လုပ်တဲ့အချိန်မှာ ဇာတ်ကောင်အတိုင်း ပီပြင် အောင် ကြိုးစားရသလို မိခင်ဘဝ မှာလည်း မိခင်ကောင်းပီသအောင် အကောင်းဆုံး ကိုယ့်ဘက်က ကြိုးစားရမှာပဲလေနော်။ ဒီလိုအချိန် ကြည်နူးရတာ ဘာနဲ့မှလည်း မတူ ပါဘူး’’ဟု ရေးသား၍ ကလေးနှစ် ဦးနှင့် ဓာတ်ပုံကို တင်ထားခဲ့ သည်။

လှပအောင်ပြင်ဆင်မထား သော်လည်း သဘာဝနှင့် အဓိပ္ပာယ်ရှိသောပုံများကို ပရိသတ်များအ တွက် အလွမ်းပြေတင်ပေးခြင်း ဖြစ်ကြောင်း ၎င်းက ရေးသား ထားသည်။

‘‘လက်ရှိ ဖြတ်သန်းနေရတဲ့ ပုံစံတင်ပေးချင်တာရယ်၊ အမေ တွေကို လေးစားတဲ့စိတ်နဲ့ ဒီပုံ လေးတင်လိုက်တာပါ။ အတွေ့ အကြုံတစ်ခုတိုးတိုင်း အမေတွေ ကို ပိုပိုလေးစားတယ်။ နယ်က အမေတွေကို ပိုလေးစားတယ် ရှင်။ အရာအားလုံး သူတစ် ယောက်တည်း အဓိက။ ရန်ကုန် မှာလို နာ့စ်တွေမရှိ၊ ဝိုင်းကူမယ့် အမျိုးတွေမရှိရင် အဖေတွေခမျာ လည်း သူတို့အသည်းလေးတွေနားမနေရ မိသားစုစားဝတ်နေရေး အတွက် ရုန်းကန်ရလေတော့ အင်း..မိဘဖြစ်ရတာ မလွယ်။ အဲဒါ ကြောင့် မြင်းမိုရ်တောင်နဲ့ မိဘမေတ္တာနှိုင်းကြတာ။ မစော်ကားမိ စေနဲ့လို့ ဆုံးမကြတာ။ လက်တွေ့ မှ အရင်ထက် ပိုလေးနက်လာတဲ့အသိတွေပေါ့လေ’’ဟု ယင်းကဲ့သို့တင်ဖြစ်သည့်အကြောင်းကိုလည်း သက်မွန်မြင့်က မှတ်ချက်ပြုထား သည်။

သားအကြီးက သူ့ညီမလေး ကို မနာလို၍ ကပ်နေခြင်းဖြစ်နိုင် သည်ဟု ပရိသတ်တစ်ဦးမှတ် ချက်ပြုထားသည့်အပေါ် သက်မွန် မြင့်က ‘‘ပထမတော့ အေးဆေးပါ။အခုမှ အငယ်လေးနို့တိုက်ရင်ငို တာ နေသိပ်မကောင်းတာလည်း ပါမှာပါ။ အစကဆို ဘေဘီ အိပ်ရှူးဆိုပြီး တွေ့သမျှလူ အသံတိတ်ခိုင်းတာ ချစ်ပါတယ် ညီမလေး ကို’’ဟု ပြန်လည်ဖြေကြားထား သည်။

ထို့အပြင် ကလေးနှစ်ဦးကို လက်တစ်ဖက်စီဖြင့် ချီထားနိုင် သည်မှာ တော်ရုံစကေးမဟုတ် ကြောင်း ရေးသားမှုကို သက်မွန်မြင့်က ‘ပေါင် ၁၇၀ ဆိုတော့လည်း’ဟူသည့် စာသားနှင့်အတူ ရယ်စရာစတစ်ကာလေးဖြင့် ပြန်လည်ရေးသားခဲ့သည်။

သွေးနုသားနုအချိန်တွင် ကလေးနှစ်ဦးစလုံးကို ချီပိုးထား သောကြောင့် စိတ်ပူနေသည့် ပရိသတ်တစ်ဦး၏ မှတ်ချက်ကိုလည်း ‘သူငိုရင် မခံစားနိုင်ဘူးလေ။ ရင်ထဲနာတော့လည်း ဗိုက်ပဲ အနာခံ တာပေါ့’’ဟု သက်မွန်မြင့်က ပြန် လည်ဖြေကြားခဲ့သည်။

အဆိုပါပို့စ်ကို Like လုပ်သူ တစ်သိန်းကျော်ရှိသကဲ့သို့ မှတ် ချက်ပြုသူလည်း လေးထောင် ကျော်အထိရှိခဲ့ကာ သက်မွန်မြင့် က မှတ်ချက်အချို့ ပြန်လည်၍ြေေဖြေကြားထားသည်။

Sources; 7 Day News Journal

No comments:

Post a Comment