Latest News

Friday, January 20, 2017

"မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ အဟန့်အတာတွေရှိနေတယ်လို့ မစ္စရန်ဟီးလီပြော"

"မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ အဟန့်အတာတွေရှိနေတယ်လို့ မစ္စရန်ဟီးလီပြော"

နောက်ကြောင်းပြန်တာ မဖြစ်စေဖို့ အရပ်သားအစိုးရက ကတိပေးကြိုးပမ်းနေပေမယ့် မြန်မာ့ပြုပြင် ပြောင်း လဲရေးမှာ အဟန့်အတားတွေရှိနေသေးတယ်လို့ မြန်မာနိုင်ငံလူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီက ပြောပါတယ်။

မနေ့က ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အရပ်သားအစိုးရအနေနဲ့ ကတိပေးလုပ်ဆောင်နေပေမယ့် တုံ့ဆိုင်းအောင်လုပ်နေတာတွေ ရှိနေပြီး တပ်မတော်က ခန့်အပ်တဲ့ ကာကွယ်ရေး၊ပြည်ထဲရေး၊နယ်စပ်ရေး စတာတွေဟာ တူညီတဲ့ ဗြူဟာတွေကို ကျင့်သုံးနေကြတယ်လို့ ပြောခဲ့ပါတယ်။

မစ္စယန်ဟီလီရဲ့ ၁၂ရက်ကြာခရီးစဉ်မှာ ကချင်၊မွန်၊ရခိုင်၊ရန်ကုန်နဲ့ နေပြည်တော်တို့ကို သွားရောက်ခဲ့ပြီး အင်းစိန်ထောင်၊စစ်တွေ နဲ့ ဘူးသီးတောင်ထောင်တို့ကို လေ့လာခွင့်ရခဲ့သလို ဇင်းကျိုက်အလုပ်ကြမ်းစခန်းကို သွားရောက်ခွင့်လည်း ရခဲ့ပါတယ်။

သူ့ရဲ့ ခရီးစဉ်ထဲမှာ စိတ်ပူစရာအနေနဲ့ မြေပြင်ကလူတွေဟာ ဖွင့်ဟထုတ်ပြောဖို့ကြောက်နေကြပြီး သူမနဲ့တွေ့ဆုံပြီးနောက် အဖမ်းခံရမှာနဲ့အသက်အန္တရာယ်ရှိလာမှာကို စိုးရိမ်နေကြတယ်လို့ ပြောခဲ့ပါတယ်။

Sources: သတင်း - ငြိမ်းငြိမ်းပြည့် (7Day TV)

No comments:

Post a Comment