Latest News

Saturday, January 14, 2017

အများပိုင်ယာဉ်လိုင်းစနစ် မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မယ်လို့ ရန်ကုန်ဝန်ကြီးချုပ်ပြော

အများပိုင်ယာဉ်လိုင်းစနစ် မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မယ်လို့ ရန်ကုန်ဝန်ကြီးချုပ်ပြော

စေတနာ့ဝန်ထမ်းတွေနဲ့တွေ့ဆုံတုန်းမှာ ပြောခဲ့တာပါ။

လာမယ့် ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ စတင်ပြေးဆွဲကြတော့မယ့် အများပိုင်ဘတ်စ်ကားလိုင်းစနစ်တွေကို ဝေဖန်မှုတွေရှိနေပေမယ့် မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မယ်လို့ ယုံ ကြည်မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။

အများပိုင်ဘတ်စ်ကားလိုင်းစနစ် စတင်တဲ့အချိန်မှာ စေတနာ့ဝန်ထမ်းအဖြစ် ပူးပေါင်းပါဝင်မယ့်သူတွေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဇန်နဝါရီ ၁၃ ရက်က တွေ့ဆုံတုန်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က အခုလိုပြောခဲ့တာပါ။

‘‘ကျွန်တော်တို့နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ပြန်ပြီးကြားနေရ တာတွေရှိပါတယ်။ ချက်ချင်း ချက်ချင်းလုပ်ဖို့ပဲရှိတယ်။ ဒီကိစ္စကို မေလလောက်ကတည်းက စတင်လုပ်ဆောင်နေတာပါ။ မထသမှာရှိတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ ယာဉ်ပိုင် ရှင်တွေ ဆွေးနွေးခဲ့ပါတယ်။ အခု လုပ်မယ်ဆိုတော့လည်း ကွီးဖြိုးက လုပ်ချလိုက်ပြန်ပြီဆိုပြီး ပြောတာတွေရှိပါတယ်’’လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက်ကစပြီး ရန်ကုန်တိုင်းထဲက ဘတ်စ်ကားမှတ်တိုင် ၁,၈၀၀ ကျော်မှာ စေတနာ့ဝန်ထမ်းတွေက ဘတ်စ်ကားလမ်းညွှန်စာရွက်တွေကို တစ်ရက်အရွက်ရေ တစ်သိန်းနှုန်းနဲ့  ငါးရက်အထိ လိုက်လံဝေငှသွားမှာဖြစ်ပါတယ်။ တိုင်းဒေသကြီး အစိုးရက စေတနာ့ဝန်ထမ်းဦးရေ ၁,၀၀၀ လောက်လိုအပ်နိုင်တယ်လို့ ခန့်မှန်းထားပေမယ့် ဇန်နဝါရီ ၁၃ ရက်အထိ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီဖို့ ဆက်သွယ်စာရင်းပေးထားတဲ့သူ ၃,၀၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

Source : 7DayDaily: Duwun

No comments:

Post a Comment