Latest News

Sunday, January 8, 2017

ဒေါ်နယ်ထရမ့်ကို တရုတ် နိုင်ငံပိုင်သတင်းစာ သတိပေးပြီ


တရုတ်နိုင်ငံရဲ့ ၀မ်းချိုင်းနား မှုဝါဒ ကို ထိခိုက်လာမယ်ဆိုရင် အမေရိကန်နိုင်ငံကို လက်တုံပြန် လက်စားချေသွားမယ်လို့ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကို တရုတ် နိုင်ငံပိုင်သတင်းစာ ဂလိုဘယ်တိုင်း သတင်းစာ ရသတိပေးလိုက်ပါတယ်။
ထိုင်ဝမ် သမ္မတ  တိုင်အမ်ဝမ်ဟာ အမေရိကန် နိုင်ငံကို ချစ်ကြည်ရေး ခရီးသွားရောက်နေပြီး အဲဒီသွားရောက်မှု ဟာ အငြင်းပွားမှုတွေဖြစ်နေပါတယ်။

ထိုင်ဝမ်သမ္မတ ဟာ အမေရိကန် ရီပတ်ဘလီကန် ပါတီ လွတ်တော်ကိုယ်စားလှယ်တွေ နဲ့ တွေဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံပိုင်သတင်းစာ ကရေးသားခဲ့တာဖြစ်ပါတယ်။
တရုတ် နိုင်ငံက ထိုင်ဝမ်သမ္မတကို နိုင်ငံ အတွင်း ၀င်ရောက်ခွင့်မပေးဖို့ နဲ့ ၀မ်းချိုင်းနားမှုဝါဒ အရ ထိုင်ဝမ်
သမ္မတကို အစိုးရ တရပ်လိုမျိုးမတွေဆုံဖို့ အမေရိကန် နိုင်ငံကိုတောင်းဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံ နဲ့ တရုတ် - အမေရိကန် ဆက်ဆံရေးကောင်းမွန်စေဖို့ ၀မ်းချိုင်းနားမူဝါဒကို အမေရိကန်သမ္မတ က လေစားလိုက်နာသင့်တယ်လို့ ဂလိုဘယ်တိုင်း သတင်းစာ ကသတိပေးထားပါတယ်။

ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်က ပြီးခဲ့တဲ့လမှာ ထိုင်ဝမ် ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်ဆိုတဲ့ မှု ၀ါဒကို မေးခွန်းထုတ် အငြင်းပွားတာတွေရှိခဲ့ပါတယ်။ ဒါအပြင် ဒေါ်နယ်ထရမ့်နဲ ထိုင်ဝမ်သမ္မတ တို့  ရွေးကောက်ပွဲအနိုင်ရမှု ဂုဏ်ပြု စကား ကို ဖုန်းနဲ့အပြန်လှန်ပြောဆိုမှုတွေရှိခဲပါတယ်။
 ဒေါ်နယ်ထရမ့် ဟာ အစိုးရအဖြစ် တာဝန်ယူပြီးချိန်မှာ တရုတ် ရဲ့ ၀မ်းချိုင်းနား မှု ၀ါဒကို ထိခိုက်အောင်လုပ်ဆောင်လာမယ်ဆိုရင်  တရုတ်နိုင်ငံ ပြည်သူတွေက  အမေရိကန်ကို လက်စားချေဖို့တောင်းဆိုသွားမယ်ဆိုပြီး တရုတ် ဂလိုဘယ်တိုင်းမ် သတင်းစာ ရေသားထားပါတယ်။

အမေရိကန်ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်က သူအနေနဲ့ သမ္မတ အဖြစ်တရားဝင် တာဝန်မယူခင် အချိန်အထိ ဘယ်နိုင်ငံရဲ့ခေါင်းဆောင်တွေမှ တွေဆုံမဟုတ်ပေမယ့် သမ္မတအဖြစ်တာဝန်ယူပြီးချိန်မှာ ထိုင်ဝမ်သမ္မတ နဲ့တွေဆုံဆွေးနွေးဖွယ်ရှိနေပါတယ်။
 တရုတ်နိုင်ငံ ဟာ ထိုင်ဝမ်ကို သူတို့လက်အောက်ထဲမှသာ ထားလိုလျက်ရှိနေပေမယ့် ထိုင်ဝမ်က တရုတ်လက်အောက် က ရုန်းထွက်လိုနေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
REF REUTER  ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment