Latest News

Sunday, January 8, 2017

လက်သည်း ကို ၂၃ နှစ် ကြာမဖြတ်ဘဲ ထားတဲ့အမျိုးသမီး

အမေရိကန်နိုင်ငံ က အမျိုးသမီး တစ်ဦးဟာ လက်သည်း အရှည်ထားရတာကို နှစ်သက်လို့ နှစ်ပေါင်းများစွာကြာ လက်သည်းတွေ မဖြတ်ဘဲအရှည် ထားခဲ့လို့ သူ မရဲ့ လက်သည်းတွေဟာအခု ဆိုရင် ၆၆ စင်တီမီတာအရှည်ရှိနေပါတယ်။
ရာနီ ၀ီလီယံ ဆိုတဲ့အမျိုးသမီးကြီး ဟာ သူမ လက်သည်းတွေကို နှစ်ပေါင်း ၂၃ နှစ်အကြာ မဖြတ်ဘဲထားခဲ့တာကြောင့် လက်သည်းတွေ ဟာ အခုဆိုရင် သံ တွေ လိုချွန်ထက်မှုတွေ ရှိနေပါတယ်။
သူမလက်သည်းတွေကို နှစ်ပေါင်းများစွာ ကြာထိန်းသိမ်းနိုင်မှု ကိုလူတွေစိတ်ဝင်စားနေသလို့ သူမ အိမ်သာတက်ချိန်မှာ သန်စင်မှု နဲ့ ပက်သက်လို့လူတွေစိတ်ဝင်စားကြပါတယ်။

သူမက  “ ကျွန်မ  အိမ်သာတက်ချိန်မှာ ဘယ်လိုမျိုးလုပ်ဆောင်လဲလို့ လူတွေ မေးကြပါတယ်။ ကျွန်မ ဟာ အိမ်ကအိမ်သာ ပဲပဲဖြစ်ဖြစ် အများသုံးသန့်စင်ခန်းမှာပဲဖြစ်ဖြစ် အိမ်သာ တက်ချိန်မှာလက်သည်းတွေကို
ထိခိုက်မှာစိုး လို့ အိမ်သာမှာမထိုင်ဘူး “ လို့ပြောပါတယ်။
သူမ  ဟာလက်သည်းတွေကို ဖြတ်ရမှာ စိတ်မ၀င်စားဘဲ ဂင်းနစ်စံချိန်ဖြတ်ကျော်နိုင်တဲ့အထိ အရှည်ထားဖို့ လိုလားတယ်လို့ ပြောပါတယ်။
REF ODDS   ဇက်အမ်အို (တိုင်းဧရာ) ဘာသာပြန်သည်။

No comments:

Post a Comment