Latest News

Friday, January 6, 2017

ကျိုက်ထီးရိုး တောင်တက်ကားများတွင် ဇန်နဝါရီ ၇ ရက်က စ၍ ထိုင်ခုံခါးပတ်များ တပ်ဆင်မည်

ကျိုက်ထီးရိုး တောင်တက်ကားများတွင် ဇန်နဝါရီ ၇ ရက်က စ၍ ထိုင်ခုံခါးပတ်များ တပ်ဆင်မည်


ကျိုက်ထီးရိုးဘုရားဖူးများ အန္တရာယ်ကင်းစေရန် တောင် တက်ကားများတွင် ထိုင်ခုံခါးပတ် များ တပ်ဆင်မည်ဖြစ်ကြောင်း ကျိုက်ထီးရိုး တောင်တက်မော် တော်ယာဉ်အသင်းမှ သတင်းရရှိ သည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီး၏လမ်းညွှန်မှုဖြင့် ဇန်နဝါရီ ၇ ရက်တွင် တောင်တက် ကား မော်တော်ယာဉ်  နောက်ခန်းအားလုံး၌ တပ်ဆင်မည် ဖြစ် ကြောင်း ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်း ဥက္ကဋ္ဌ ဦးဝိတင်က ဆိုသည်။

‘‘ကားတစ်စီးကို ငွေနှစ်သိန်း ခွဲလောက်တော့ ကုန်ကျမယ်။ ထိုင်ခုံခါးပတ်ကြိုးတွေကို တရုတ် နိုင်ငံက မှာယူထားတယ်။ ကား တစ်စီးနောက်ခန်းမှာ ၄၂ ယောက် စာရှိတယ်။ ရှေ့ခန်းမှာက ထိုင်ခုံ ခါးပတ်ကြိုးတွေပါတော့ တပ်စ ရာမလိုဘူး။ ဘုရားဖူးတွေ အန္တ ရာယ်ကင်းအောင် ပြည်ထောင်စု ဝန်ကြီးက လုပ်ခိုင်းတယ်’’ဟု ဦးဝိ တင်က ပြောသည်။

တောင်တက်ကား  တစ်စီး လျှင် ရှေ့ခန်းတွင်သုံးဦး၊ နောက်ခန်းတွင် ၄၂ ဦး လိုက်ပါစီးနင်းနိုင်ပြီး ကားခများကို တောင်ခြေကင်ပွန်းစခန်းမှ ဘုရားရင်ပြင်တော်အထိ နောက်ခန်း ကားခမှာ တစ်ဦးလျှင် ၂,၅၀၀ မှ ၂,၀၀၀ ကျပ်သို့ လျှော့ချထားသည်ဟု ၎င်းက ဆိုသည်။

‘‘တောင်တက်ကားမှာ ထိုင် ခုံခါးပတ်တွေ တပ်မယ်ဆိုတော့ အဆင်ပြေတာပေါ့။ ကြိုးမပတ် ထားဘဲ တောင်တက်ကားစီးရင် မတော်တဆ တစ်ခုခု ဖြစ်ခဲ့ရင် အန္တရာယ်ဖြစ်လာနိုင်တယ်’’ ဟု ကျိုက်ထီးရိုး ဘုရားဖူးသူ ကိုနိုင် မင်းက ပြောသည်။

ယခုနှစ်ဘုရားပွဲတော်ရာသီ က စပြီး တောင်တက်ကားများကို ယာဉ်နံပါတ်၊ ယာဉ်မောင်းအမည်၊ ယာဉ်နောက်လိုက်  အမည်များ ရေးသားထားမည်ဖြစ် ပြီး အဆင်မပြေပါက တိုင်ကြားနိုင်ရန် ဖုန်းနံပါတ်များလည်း ရေးသားထားသည်။

ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များသည် အမည်ပါရှိသည့် လည်ဆွဲကတ်များ ချိတ်ဆွဲထားသည်ဟု တောင်တက်မော်တော်ယာဉ်အသင်းထံ မှ သိရသည်။

ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ်အသင်းကို ၁၉၉၃ က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ ပြီး လက်ရှိတွင် ကျိုက်ထီးရိုးသို့ ပြေးဆွဲနေသည့် တောင်တက် ယာဉ် ၁၅၀ စီးရှိသည်ဟု တောင်တက်မော်တော်ယာဉ်စာရင်းအရ သိရသည်။


Sources; 7Day News Journal


No comments:

Post a Comment