Latest News

Friday, January 6, 2017

ဧရာဝတီတိုင်းဝန်ကြီးချုပ်၏ လက်မှတ်၊ တံဆိပ်တုံး၊ ရုံးစာအတု ပြုလုပ်လိမ်လည်သူ လေးဦးကို ဖမ်းဆီး

ဧရာဝတီတိုင်းဝန်ကြီးချုပ်၏ လက်မှတ်၊ တံဆိပ်တုံး၊ ရုံးစာအတု ပြုလုပ်လိမ်လည်သူ လေးဦးကို ဖမ်းဆီး

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီ၏ လက် မှတ်၊ တံဆိပ်တုံး၊ ရုံးစာအတုများ ပြုလုပ်၍ လိမ်လည်နေသူ လေးဦး ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သတင်းရရှိသည်။

ပုသိမ်မြို့ မရမ်းချိုရပ်ကွက် နေ ဦးဟန်လင်းဦးဆောင်သော လေးဦးအဖွဲ့သည် ‘ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၏ ကိုယ်စားအထူး ကွန်ရက်’ဟုဆိုကာ စိစစ်ရေး ကတ်ပြား အတု၊ ဧရာဝတီတိုင်း ၀န်ကြီးချုပ်၏ လက်မှတ်အတုရေး ထိုးထားသည့် ရုံးစာအတုဖြင့် ငပု တောမြို့နယ်ရှိ ကျေးရွာအချို့၌ လိမ်လည်ရန် စီစဉ်နေစဉ် ဇန်န၀ါ ရီ ၅ ရက်က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ် ကြောင်း တိုင်းဒေသကြီးအစိုးရအ ဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

‘‘တိုင်းအစိုးရအဖွဲ့က နယ် လုံဝန်ကြီး ဦးဆောင်ပြီးတော့ ဒီ ကိစ္စကို ဖြေရှင်းဆောင်ရွက်နေပါ တယ်။ ၀န်ကြီးချုပ်ရဲ့ ဆိုင်းအတု နဲ့ ကတ်ပြားကို ကိုင်ပြီးတော့ လှုပ် ရှားနေတာပါ။ ၀န်ကြီးချုပ်က တာဝန်ပေးလိုက်လို့ လာတာဆို ပြီး ၀န်ကြီးချုပ်လက်မှတ်အတု ထိုးထားတဲ့ ရုံးစာအတုနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဆီမှာ သွား လိမ်ဖို့ ကြိုးစားတာ၊ မသင်္ကာလို့ စစ်လိုက်တော့ ဖမ်းမိတာ’’ဟု ၀န် ကြီး ဦးဝင်းဌေးက ပြောသည်။

လိမ်လည်သူလေးဦးသည် ဧရာဝတီတိုင်းဝန်ကြီးချုပ်၏ တာ ၀န်ပေးချက်အရ ငပုတောမြို့နယ် အလယ်ကျွန်းကျေးရွာတွင် သက္က သောင်မြစ်ကို မြစ်ကူးတံတား တည်ဆောက်ရန်လာသည်ဆို ကာ မြစ်ကူးတံတားတည်ဆောက် မည့် နေရာ ဓာတ်ပုံခြောက်ပုံနှင့် တိုင်းဝန်ကြီးချုပ် လက်မှတ်အတု ရေးထိုးထားသည့် စာရွက်စာတမ်း များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အား လိမ်လည်၍ လက်မှတ်ရေး ထိုးခိုင်းထားသည့် စာရွက်စာ တမ်းနှင့်အတူ ဒေသခံများကို လိမ်လည်စဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်ခရိုင်ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးဝင်းမြင့်ထူးက ပြော သည်။

ဦးဟန်လင်းက ၎င်း၏ အ မည်၊ အသက်၊ မှတ်ပုံတင်နံပါတ် များ ရေးသားထားသော ကတ် တစ်ခုအပေါ်တွင် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၏ အထူးကွန်ရက်အ ဖွဲ့ ခေါင်းဆောင်ဟု ဖော်ပြ၍ ၀န် ကြီးချုပ်လက်မှတ်အတု ရေးထိုး ကာ လိမ်လည်ထားသည်ဟု ရဲ တပ်ဖွဲ့က ပြောသည်။

ဖမ်းဆီးခံထားရသူများသည် ပုသိမ်မြို့နေ ဦးဟန်လင်း၊ ဦးညွန့် ၀င်း၊ ဦးသန်းထွန်းပိုင်နှင့် တောင် ကုတ်မြို့နေ ဦးမျိုးမင်းဦးတို့ဖြစ် သည်။ ၎င်းတို့ကို ငပုတောမြို့နယ် သုံးခွရဲစခန်းတွင် လိမ်လည်မှု ပုဒ်မ ၄၂၀၊ လိမ်လည်ရန်အလို့ငှာ အတုပြုလုပ်မှု ပုဒ်မ ၄၆၈ တို့ဖြင့် တရားစွဲဆိုထားကြောင်း ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Sources; 7 Day News Journal

No comments:

Post a Comment