Latest News

Friday, January 13, 2017

စားခ်င္စဖြယ္ဟမ္ဘာဂါ ဒီလိုလုပ္ၾကည့္ပါ

စားခ်င္စဖြယ္ဟမ္ဘာဂါ ဒီလိုလုပ်ကြည့်ပါ

အလွယ်စာလို့သာ သုံးနှုန်းနေကြပေမဲ့ ဟမ်ဘာဂါက ထမင်းမစားချင်တဲ့အခါ အတော်လေး အလုပ်ဖြစ်တဲ့ စားစရာပါ။ ကစီဓာတ်၊ အသားဓာတ်နဲ့ ဟင်းသီးဟင်းရွက်တွေလည်း ပါဝင်နေတော့ ဟမ်ဘာဂါကောင်းကောင်းလေးတစ်လုံးလောက် စားလိုက်ရုံနဲ့တင် ဗိုက်ပြည့်သွားပါတယ်။ မနက်စာ၊ နေ့လယ်စာ၊ ညစာ ဘယ်အချိန်မဆိုလည်း စားလို့သင့်တယ်လေ။ ထမင်းစားချိန်မရှိဘူးဆိုရင် ဟမ်ဘာဂါစားလိုက်တာက အဆင်ပြေပါတယ်။ ဒီတော့ ကိုယ့်လက်ရာစစ်စစ် အိမ်လုပ်ဟမ်ဘာဂါကောင်းကောင်းလေး ပြုလုပ်ကြည့်ရအောင်ပါ။

၁။ ကြက်၊ဝက်၊အမဲ စတဲ့ နှစ်သက်ရာအသားကိုရွေးပြီး နုတ်နုတ်စင်းထားပါ။ အရသာမှုန့်၊ ဆားနဲ့ ငြုပ်ကောင်းမှုန့်တို့ကိုထည့်ပြီးနယ်ပါ။ ပြီးရင် လက်နှစ်ဖက်နဲ့ အသားတွေကိုအလုံးလေးတွေဖြစ်အောင်လုပ်ပေးရပါမယ်။ အလုံးလေးတွေကို လက်နဲ့အသာအယာဖိလိုက်ရင် ဝိုင်းဝိုင်းပြားပြားပုံစံလေးကို ရလာမှာပါ။

၂။ လျှို့ဝှက်ချက်တစ်ခုကို ပြောပြရရင်တော့ အသားပြားဝိုင်းရဲ့အလယ်ကို လက်မလေးနဲ့ ဖိလိုက်ရတာဖြစ်ပါတယ်။ ဒါဆိုရင် အသားက ကျက်တာပိုမြန်သွားပါလိမ့်မယ်။

၃။ အသားပြားတွေကို ဆီသုတ်ပြီးကင်တာဖြစ်ဖြစ် ၊ ကြော်တာဖြစ်ဖြစ် စိတ်ကြိုက်လုပ်နိုင်ပါတယ်။ ကင်မယ်ဆိုရင်တော့ အသားပြားတစ်ဖက်ခြမ်းကို ၅ မိနစ်စီ ကင်ရင်ရပါပြီ။ ကြော်မယ်ဆိုရင်တော့ မီးအသင့်အတင့်နဲ့ တစ်ခြမ်းကို ၈ မိနစ်လောက် ကြော်ပေးရပါမယ်။ ဟမ်ဘာဂါထဲကအသားက လုံးဝကျက်နေဖို့တော့ လိုပါတယ်။ အသားစိမ်းနေရင် မကောင်းပါဘူး။

၎။ အသားရပြီဆိုရင် ဟမ်ဘာဂါလုပ်လို့ရပါပြီ။ ပေါင်မုန့်ကို နှစ်ခြမ်း ခြမ်းပါ။ အောက်ဆုံးမှာ အသား၊ ချိစ်ပြား၊ ခရမ်းချဉ်သီး၊ ဆလတ်ရွက်တို့ကိုထည့်ပြီး အပေါ်မှာ ပေါင်မုန့်ကိုအုပ်လိုက်ရင် ဟမ်ဘာဂါရပြီပေါ့။ အရသာလည်းရှိ စားလို့လည်းကောင်းတဲ့အပြင် သန့်ရှင်းလတ်ဆတ်မှုလည်း ရှိပါတယ်။

Sources:Photo : Food Network/SearchMyanmar

No comments:

Post a Comment