Latest News

Monday, January 9, 2017

သူပျော်မယ်ဆိုရင် အရာရာအဆင်ပြေပါတယ်ဆိုတဲ့ ရဲရင့်အောင်

သူပျော်မယ်ဆိုရင် အရာရာအဆင်ပြေပါတယ်ဆိုတဲ့ ရဲရင့်အောင်

စိတ်ခံစားမှုနဲ့ အလုပ်ကိုတော့ မရောထွေးစေပါဘူးလို့ ဆိုပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီး အသည်းကွဲနေတဲ့ ရဲရင့်အောင်ကတော့ သူပျော်မယ်ဆိုရင် အရာရာအဆင်ပြေပါတယ်လို့ ဆိုလိုက်ပါတယ်။ စိတ်ခံစားမှုနဲ့ အလုပ်ကို မရောထွေးထားတဲ့ ရဲရင့်အောင်က ၂၀၁၇မှာ ဖန်တီးချင်တဲ့ သီချင်းပုံစံလေးတွေကို အကောင်အထည်ဖော်သွားဖို့ ရှိသလို အခုခံစားနေရတဲ့ ခံစားချက်ကိုလည်း ပြောပြခဲ့ပါတယ်။

“ကျွန်တော်အခု လောလောဆယ်တစ်ယောက်တည်း ကျွန်တော်အဆင်ပြေပါတယ်။ ကျွန်တော်ကိုစိတ်မပူပါနဲ့ လို့ပရိသတ်တွေကို ပြောချင်ပါတယ်။ အချစ်နဲ့ပတ်သတ်ပြီးတော့ ကိုယ်ချစ်တဲ့သူတစ်ယောက်ရဲ့ အသိုင်း အ၀ိုင်းတစ်ခုမှာ ကျွန်တော်ပါဝင် ပတ်သတ်ရသည်ဖြစ်စေ၊ ကျွန်တော် ပါဝင်ပတ်သတ်ခွင့်မရတော့ သည်ဖြစ်စေ၊ သူပျော်နေမယ်ဆိုရင် ကျွန်တော့်အတွက် အရာရာအဆင်ပြေပါတယ်။ အဲလိုပဲ ခံယူထားပါတယ် ။ ကိုယ်မြင် တာတွေ ကိုယ်ထင်တာတွေနဲ့ပဲ တစ်ဖတ်သားမသိတဲ့ သူတွေကို အမုန်းမပွားပါနဲ့လို့ပဲ ပြောချင်ပါတယ် ။  နောက်ကွယ်မှာ ဘယ်သူမှ မသိတဲ့ ကိစ္စတွေ အများကြီးရှိနိုင်တာပဲလေ။ ကိုယ်ချစ်တဲ့သူ စိတ်ဆင်းရဲမှာတော့ ဘယ်သူမှမလိုချင်လို့ အခုလိုပြောတာပါ။ ကျွန်တော်အများကြီး ကြိုးစားနေတယ် ။ ကျွန်တော်ကိုယ်ရေး ကိုယ် တာက သက်သက်အလုပ်က သက်သက်ပါ။ ကျွန်တော် ဘယ်လောက်ပဲခံစားနေရပါစေ ။ နေ့တိုင်း အလုပ် လုပ် နေတယ်။ အဲဒီအတွက် ကျွန်တော်ကို ယုံကြည်နေပါလို့ " လို့ သူက ဆိုပါတယ်။

၂၀၁၇ခုနှစ်ထဲမှာလည်း အကောင်အထည်ဖော်ချင်တဲ့ ဂီတပုံစံတွေကို အကောင်အထည်နိုင်တဲ့သူ တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်ပြီး သူ့ရဲ့ ဒုတိယအခွေကိုလည်း ထွက်နိုင်အောင် ကြိုးစားသွားမှာပါလို့ ဆိုပါတယ်။အခွေမထွက်ခင်မှာလည်း ပရိသတ်တွေအတွက် သီချင်းသစ်များကို အွန်လိုင်းကနေ ဖြန့်ပေးသွားမှာ ဖြစ်ပြီး ဖေဖော်ဝါရီ လမတိုင်ခင် ပရိသတ်တွေအတွက် Music Video တစ်ပုဒ် လက်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။ ရဲရင့်အောင်က လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး "သဝေထိုးခကွေးယပင့်" ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ထွက်ရှိထားကာ အတွဲသီချင်းခွေများစွာထဲမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Source : စံတော်ချိန် Duwun

Photo : ရဲရင့်အောင်ဖေ့စ်ဘွတ်

No comments:

Post a Comment