Latest News

Sunday, January 1, 2017

လျှပ်စစ်သုံးစွဲသူကိုယ်တိုင် မီတာဖတ်သိရှိနိုင်မည့် အော်တိုမက်တစ်မီတာစနစ် ပြောင်းလဲရန်စီစဉ်

လျှပ်စစ်သုံးစွဲသူကိုယ်တိုင် မီတာဖတ်သိရှိနိုင်မည့် အော်တိုမက်တစ်မီတာစနစ်ြေေပြောင်းလဲရန်စီစဉ်

လျှပ်စစ်မီးသုံးစွဲမှုနှင့် ပတ်သက်၍ အငြင်းပွားမှုများရှိနေ ခြင်းကြောင့် မီးသုံးစွဲသူကိုယ်တိုင် မိုဘိုင်းဖုန်းမှတစ်ဆင့် မိမိအသုံးပြု ထားသည့် မီတာယူနစ်ကို သိရှိနိုင် မည့် အော်တိုမက်တစ်မီတာစနစ် ကို ပြောင်းလဲရန် ပြင်ဆင်နေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီ လာကျော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားမလိုအပ်ဘဲ ပျောက်ဆုံးနေခြင်းနှင့်ပတ်သက် ၍ ဒီဇင်ဘာ ၂၇ ရက်လွှတ်တော် အစည်းအဝေး၌ လမ်းမတော် မြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမာ ၏မေးမြန်းချက်ကို ဝန်ကြီးကဖြေ ကြားခြင်းဖြစ်သည်။

လက်ရှိတွင် မီတာဖတ်ခြင်း ကို သက်ဆိုင်ရာလျှပ်စစ်ရုံးဝန် ထမ်းများက ပြုလုပ်နေခြင်းဖြစ် သည်။ ရန်ကုန်တိုင်းဒေသကြီး တွင် လက်ရှိ၌ ဒစ်ဂျစ်တယ်မီတာ ပြောင်းလဲတပ်ဆင်မှုများပြုလုပ် နေပြီး ထိုသို့ ပြုလုပ်ခြင်းမှာ အော် တိုမက်တစ်မီတာစနစ်အတွက် အခြေခံဖြစ်ကြောင်း ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်း အထွေထွေမန်နေဂျာ ဦးစော ဝင်းမောင်က ပြောသည်။

‘‘အခု လမ်းမီးတိုင်တွေမှာ တပ်ဆင်နေတဲ့ ဒစ်ဂျစ်တယ်မီတာ တွေကနေပဲ အော်တိုမက်တစ်မီ တာ(AMR)စနစ်ပြောင်းမှာပါ။ လက်ရှိ စပြောင်းနေတဲ့ ဒစ်ဂျစ် တယ်မီတာက AMR အတွက် အခြေခံပဲ။ အဲဒီဒစ်ဂျစ်တယ်မီတာမှာ သူ့ နည်းပညာသုံးကတ်တစ်ခုစိုက် ထည့်လိုက်ရင်ရတယ်။ ပြီးရင် ဆော့ဖ်ဝဲတစ်ခုဖွင့်ပေးလိုက်မယ်။ မီတာပိုင်ရှင်က သူ့နံပါတ်ကို ဖုန်း ကနေ ရိုက်လိုက်တာနဲ့ ဘယ် လောက်သုံးထားတယ်၊ ဘယ် လောက်ကျသင့်နေပြီဆိုတာ သိ ရမယ့်စနစ်ဖြစ်ပါတယ်’’ဟု ဦးစောဝင်းမောင်က ပြောသည်။

မီးသုံးစွဲသူများ အမှန်တ ကယ်သုံးစွဲသည့်ပမာဏထက် ပေးချေရသည့်မီတာခမှာ ကွဲလွဲမှုများရှိနေသဖြင့် မီတာဖတ်သည့် စနစ်အပေါ် ဝေဖန်မှုများရှိနေသည်။

‘‘မီးလျှော့သုံးလည်း မီတာခ က မလျော့တာမျိုး၊ အရင်လအ တိုင်းပဲ မီးသုံးတာတူပေမယ့် မီတာခက ပိုများသွားတာမျိုးတွေ ကြုံဖူးတယ်။ ရှင်းရှင်းလင်းလင်းဖြစ်စေ မယ့် စနစ်မျိုးရှိသင့်တယ်’’ဟု အင်းစိန်မြို့နယ်နေ ဒေါ်ခိုင်သူဇာက ပြောသည်။

ဒစ်ဂျစ်တယ်မီတာများ စ တင် ပြောင်းလဲတပ်ဆင်စဉ်က လည်း မီတာပေးဆောင်ခနှုန်းထား များလာသည်ဟု ဝေဖန်မှုများရှိခဲ့ သည်။ အော်တိုမက်တစ်မီတာ စနစ်သို့ ပြောင်းလဲမည်ဖြစ်သော် လည်း ဘဏ္ဍာငွေရရှိမှုအပေါ် မူ တည်၍ လုပ်ဆောင်ရမည် ဖြစ် သောကြောင့် စတင်ပြောင်းလဲ မည့်ကာလကို မခန့်မှန်းနိုင်သေး ကြောင်း ဦးစောဝင်းမောင်က ပြောသည်။

Sources;7Day

No comments:

Post a Comment