Latest News

Sunday, January 1, 2017

အနုပညာရှင် (၄)ဦးရဲ့ နှစ်သစ်ဆုတောင်းစကားသံများ

အနုပညာရှင် (၄)ဦးရဲ့ နှစ်သစ်ဆုတောင်းစကားသံများ

ရာဇာနေဝင်း၊ ထွန်းထွန်း ၊ စန္ဒီမြင့်လွင်၊ ခင်လေးနွယ်တို့ ဖြစ်ပါတယ်။

ရာဇာနေ၀င်း

၂၀၁၆ ခုနှစ်ကတော့ ကံကောင်းခြင်းနှစ်လည်း မဟုတ်ဘူး ပုံမှန်ပါပဲ။အခုကတော့ ဒါရိုက်တာ ရာဇ၀င်ကိုနဲ့ ရုပ်ရှင်ဇာတ်ကားရိုက်နေပါတယ်။နှစ်သစ်မှာ ပရိသတ်တွေ အားလုံး ပျော်ရွှင်ကြပါစေ။ပရိသတ်တွေကို ထွေထွေထူးထူးတော့ မပြောချင်ပါဘူး ကိုယ်လုပ်သမျှ အရာအားလုံး အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

ထွန်းထွန်း

နှစ်သစ်မှာ အခုထက်ပိုပြီးတော့ အမှားတွေ နည်းအောင်ကြိုးစားသွားမယ်။ဇာတ်ကားတစ်ကားကို ပြင်ဆင်တဲ့ အခါမှာ တိတိကျကျဖြစ်အောင် အချိန်တစ်ခုကို အသုံးချပြီး အကောင်းဆုံး ကြိုးစားသွားပါမယ်။၂၀၁၇ခုနှစ်ထဲမှာ ဇာတ်ကားတွေ အများကြီးရိုက်ဖို့ ရှိပါတယ်။ နောက်ထပ် ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်တဲ့ အခါကျရင်လည်း အတူတူသွားကြည့် ကြမယ်။ရန်ကုန်၊ မန္တလေး မြို့တွေ အပြင် တခြားမြို့တွေ မှာလည်း အလျဉ်း သင့်ရင် သင့်သလို သွားကြည့်ပါမယ်။


စန္ဒီမြင့်လွင်

နှစ်သစ်မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။ အလုပ်အကိုင်တွေလည်း အစစ၊အရာရာ အဆင်ပြေချောမွေ့ ကြပါစေလို့ ဆုမွန်းကောင်း တောင်းပါတယ်။

ခင်လေးနွယ်

ခင်လေးကတော့ ဒီနှစ်သစ်မှာခရီးသွားရင်းနဲ့ပဲကုန်ဆုံးဖြစ်မှာပေါ့ ။  ပရိသတ်ကြီးအားလုံးလည်း နှစ်ဟောင်းကစိတ်ညစ်စရာ၊ ပူပန်စရာအားလုံးကိုထားခဲ့ပါ။ ၂၀၁၇ နှစ်သစ်မှာစိတ်ကျန်းမာ၊ ကိုယ်ချမ်းသာနဲ့ ပျော်ပျော် ရွှင်ရွှင်လေး ဖြတ်သန်းကြပါလို့ ပြောချင်ပါတယ်။

Sources; Duwun

No comments:

Post a Comment