Latest News

Sunday, January 1, 2017

၂၀၁၆ အတွင်း တိုက်ပွဲပေါင်း သုံးရာခန့်ဖြစ်ပွားခဲ့ပြီး စစ်ဘေးဒုက္ခသည် သုံးသောင်းခွဲကျော် တိုးမြင့်လာ

၂၀၁၆ အတွင်း တိုက်ပွဲပေါင်း သုံးရာခန့်ဖြစ်ပွားခဲ့ပြီး စစ်ဘေးဒုက္ခသည် သုံးသောင်းခွဲကျော် တိုးမြင့်လာ

ကရင်လူမျိုးစစ်ဘေးဒုက္ခသည်များ ထမင်းစားနေကြစဉ် (ဓာတ်ပုံ - စိုင်းဇော်)
၂၀၁၆ အတွင်း လက် နက်ကိုင်ပဋိပက္ခအကြိမ်ရေ စုစု ပေါင်း ၃၀၀ ခန့်ဖြစ်ပွားပြီး စစ် ဘေးဒုက္ခသည် ၃၅,၀၀၀ ကျော် ထပ်မံတိုးလာကြောင်း သတင်းရ ရှိသည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ကို စောင့်ကြည့်လေ့လာသည့် Myanmar Peace Monitor စစ် တမ်းများအရ ၂၀၁၆ အတွင်း လက်နက်ကိုင်ပဋိပက္ခအကြိမ်ရေ (၂၇၈)ကြိမ် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများ၊ လက်နက်ကိုင်ပဋိ ပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူဦးရေ ၃၈,၅၀၀ နှင့်အထက် ရှိသည်။

လက်နက်ကိုင်ပဋိပက္ခများ တွင် တပ်မတော်နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ ကြား ဖြစ်ပွားသည့် တိုက်ပွဲများ သာမက တိုင်းရင်းသားအဖွဲ့များ အချင်းချင်း ဖြစ်ပွားသည့် တိုက် ပွဲများ၊ ဗုံးပေါက်ကွဲမှုများပါ ပါဝင် သည်။

၂၀၁၆ အတွင်း လက်နက် ကိုင်ပဋိပက္ခဖြစ်ပွားမှု အများဆုံး ကာလမှာ နိုဝင်ဘာဖြစ်ပြီး စုစု ပေါင်း (၆၇) ကြိမ်ဖြစ်ပွားခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု အနည်းဆုံးကာလမှာ ဖေဖော်ဝါရီ ဖြစ်ကာ သုံးကြိမ်သာ ဖြစ်ပွား သည်။

ရှမ်းမြောက်နှင့် ကချင်ပြည် နယ် ဒေသများသည် လက်နက် ကိုင် ပဋိပက္ခအများဆုံးဖြစ်ပွားခဲ့ သည့် ဒေသများဖြစ်ပြီး တပ်မ တော်နှင့် တိုက်ပွဲဖြစ်ပွားမှု အများ ဆုံးမှာ ကေအိုင်အို၊ တအာင်း စသည့်အဖွဲ့များဖြစ်သည်။ အဆိုပါ အဖွဲ့များမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် မပါဝင်ပေ။

လက်နက်ကိုင်ပဋိပက္ခများ တွင် တပ်မတော်နှင့် NCAရေးထိုး ထားသည့် RCSS/SSA တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများလည်း ပါဝင်ပြီး ခြောက်ကြိမ်ထက်မနည်း ထိတွေ့မှုဖြစ်ပွားခဲ့သည်။

ထို့အပြင် ၂၀၁၆ အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများအနက် NCA ရေးထိုးထားသည့် RCSS/ SSA နှင့် လက်မှတ်ရေးထိုးထား ခြင်းမရှိသည့် TNLA တို့ကြား ဖြစ် ပွားခဲ့သည့် ပဋိပက္ခများလည်း ပါ ၀င်ပြီး နှစ်ဖက်အဖွဲ့များအဆိုအရ အကြိမ်ရေ (၃၀) နှင့်အထက် ဖြစ် ပွားခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခများ ကြောင့် ၂၀၁၆ အတွင်း ရှမ်း မြောက်၊ ကချင်နှင့် ကရင်ပြည် နယ်ရှိ ဒေသခံများ၊ စစ်ဘေးဒုက္ခ သည်များအပါအ၀င် လူဦးရေ ၃၅,၀၀၀ နှင့်အထက်မှာ နေရပ် များကို စွန့်ခွာနေရကြောင်း သ တင်းရရှိသည်။


Sources; 7Day

No comments:

Post a Comment